"ကျွန်တော်ပိုင်သော ညို 🤎" (၁၃)

7.6K 294 24
                                    

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၃)

"ဟင်! ဘာ..ဘာလို့... စိန်လည်ဆွဲက မေသဲ အိတ်ကပ်ထဲရောက်နေရတာလည်း?
မေသဲ မေသဲ မသိဘူးနော် ...."

သူမ ဂါဝန်အိတ်ကပ်ထဲကနေ ထွက်လာတဲ့
ဆွဲကြိုးကြောင့် သူမ မယုံကြည်နိုင်စွာ
ခေါင်ခါရင်း ပြောဆိုမိသည်။

မမသန္တာချိုဟာ လက်ပိုက်လျက်အနေထားနဲ့
ဟွန်းခနဲမဲ့ကာ သူမ တစ်ကိုယ်လုံးကိုအထင်သေးစွာ စုံဆန်ကြည့်လာတာကြောင့်....

"ဘာလည်း အဲ့စိန်လည်ဆွဲတစ်ကုံးထဲနဲ့
နင့်ကိုယ်နင် ချမ်းသာသွားမယ်လို့ထင်နေတာလား!"

"မဟုတ်ဘူး...အစ်မ မှားနေပြီ
မေသဲက ဘာလို့ အစ်မ စိန်လည်ဆွဲကို
ယူရမှာလည်း?"

မေသဲ မလုပ်တဲ့အရာတစ်ခုကို စွပ်စွဲပြီး ပြောနေတာကြောင့် မေသဲ ငြင်းဆိုမိသည်။

"ဒီမှာ! အစ်မဘာသာ စိန်လည်ဆွဲပျောက်တာလေ
ဘာလို့ ညီမသူငယ်ချင်းကို လာစွပ်စွဲနေရတာလည်း! ပြီးတော့ စိန်လည်ဆွဲက သူ့အိတ်ထဲ
သူဘယ်လိုရောက်နေမှန်းတောင် ပုံမပေါ်ဘူးလေ
ပြီးတော့ အစ်မကိုယ်တိုင်က မေသဲညို အိတ်ကပ်ထဲမှာ ဆွဲကြိုးရှိနေမှန်း ဘယ်လိုသိတာလည်း!"

သူမရဲ့ သူငယ်ချင်းမီမီကိုဟာ သူမဘက်ကနေ
ရပ်တည်ပေးတာကြောင့် သူမ အနည်းငယ်
ခံသာရှိသည်။

ထိုကောင်မလေးရဲ့ စကားကြောင့်
သန္တာချို ဟာ အိုးမလုံအိုးပွင့်သွားရသည်။

"သန္တာချို!!!"

"ဦး...ဦးသော်"

မေသဲ အနား ရောက်ချလာတဲ့ ဦးသော်ဟာ
မေသဲ လက်ကိုကိုင်ပြီး သူ့ကျောနောက်ကို
ပို့စေသည်။

"မင်း ဆွဲကြိုးက ဘာလို့ သဲညိုအိတ်ထဲမှာ
ရှိနေရတာလည်း?
ပြီးတော့ သဲညို အိတ်ကပ်ထဲမှာ ရှိမှန်း မင်းကိုယ်တိုင်သိနေတဲ့ ပုံစံဆိုတော့ ဘာလည်း
မင်းဇာတ်လမ်းထွင်ထားတာလား!"

စစ်မင်းထက်ဟာ ဦးလေးဖြစ်သူရဲ့ စကားကြောင့် သန္တာချိုကို မယုံကြည်နိုင်မှုဖြင့်
ကြည့်မိသည်။

မောင် သံသယဝင်မှာကို ကြောက်တာကြောင့်
သန္တာလည်း မထူးဇာတ်ခင်းရတော့မည်။

ကျွန်‌တော် ပိုင်သော ညို🤎Tempat cerita menjadi hidup. Temukan sekarang