Unicode
"ကျွန်တော် ပိုင်သော ညို....❤️"
အပိုင်း(၆)
မေသဲ ဒီနေ့ဖျားလေပြီ။
အုတ်နီခဲကို ဝင်တိုက်မိတဲ့အရှိန်က
ခြေမမှာ အနာဖြစ်ကာ ပြည်တည်ပြီး
တစ်ကိုယ်လုံးကိုက်ခဲကာ ကိုယ်ငွေ့ငွေ့လေးပူရင်းမှ
မျက်လုံးများ မှေးစင်းသည်အထိ ဖျားချင်လာရသည်အထိ ချမ်းလည်းချမ်းလာရသည်။
မေသဲ ချမ်းလွန်းလို့ မေသဲ အဝတ်တွေ ထည့်ထားတဲ့
သေတ္တာပုံးထဲ လှန်လှောကာ မေမေ အသက်ရှိစဉ်က
နောက်ဆုံးဝယ်ထားပေးခဲ့တဲ့ အနွေးထည်ခပ်ပါးပါးလေး
တစ်ထည်ကို ထုတ်ယူကာ ဝတ်လိုက်သည်။
နွေးထွေးသွားတယ်လို့ အနည်းငယ် ယူဆလိုက်ပြီးနောက် ခြင်ထောင်ထဲ ဝင်ကာ တာရာလေးနဲ့
ဝေးဝေးနေလိုက်သည်။
နေစွမ်းလေးကတော့ တာရာ့ကို ဖက်ထားလျက်လေး
အိပ်ပျော်နေသည်။
မေသဲ စောင်ပါးလေးတစ်ထည်ကို ယူကာ
ခြုံလိုက်ပြီး အဖျားရှိန်ကြောင့် ချမ်းတုန်လာရပြီး
ကွေးကွေးလေးဖြင့် မနက်မိုးလင်းသည်အထိ
အိပ်ပျော်သွားရသည်။
"မေသဲလေး...မေသဲရေ...မေသဲ..."
မေသဲတို့မောင်နှမတွေနေတဲ့ အိမ်ငယ်လေးဆီသို့
တံခါးလာခေါက်ကာ မေသဲကို လာနှိုးနေတဲ့
ကြီးသောင်းရဲ့ အသံကြောင့် မေသဲ
မျက်လုံး မပွင့်နိုင်တော့တဲ့ကြားက အားယူပြီး
ထလာရသည်။
"မေသဲ....ကျောင်းသွားဖို့ပြင်ဆင်....ဟယ်!"
နှုတ်ခမ်းတွေ ပြာနေကာ ခြောက်သွေ့နေတဲ့
သူမ နှုတ်ခမ်းတွေကြောင့် ကြီးသောင်းရင် ဟာ
သူမကို ကြည့်ပြီး အံ့ဩသွားပုံရသည်။
"မေသဲ သမီးလေး...နေမကောင်းဘူးလား"
ဟုဆိုကာ သူမ နဖူးကို ကြီးသောင်းရင်က
လာထိတွေ့သည်။
"ဟယ်တော်...ကိုယ်တွေပူခြစ်တောက်နေတာဘဲ"
"ညို့! နင်ဖျားနေတာလား ဟုတ်လား?"
အိပ်ချင်မူးတူးအလန့်တကြားနဲ့ ထလာတဲ့
နေစွမ်းလေးဟာ တံခါးနား အပြင်ဘက်မှာ
ရပ်ပြောနေတဲ့ မေသဲနဲ့ ကြီးသောင်းအနားကို
ရောက်ချလာပြီး မေသဲ လက်မောင်းရင်းကနေ
ကိုင်ဆွဲ၍ သူ့ဘက် လှည့်စေတဲ့ အချိန်မှာတော့
မေသဲ မျက်လုံးတွေ မူးဝေသွားရသလို
ခေါင်းထဲမှာလည်း မိုက်ခနဲနဲ့ အမှောင်တွေကိုသာ
မြင်လိုက်ရသည်။
VOCÊ ESTÁ LENDO
ကျွန်တော် ပိုင်သော ညို🤎
RomanceUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...
