"ကျွန်တော်ပိုင်သော ညို 🤎" (၃၀)

10.2K 292 10
                                    

Unicode & ZawGyi

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၃၀)

ညကြီးအချိန်မတော် အိမ်မှာလူတွေအိပ်ချင်ရောက်မှ ဆိုင်းမဆင့်ဘုံမဆင့်ရောက်ချလာတဲ့
သူမရဲ့မောင်လေး နေစွမ်းမဟာ ကြောင့်
အံ့အားသင့်နေရသည်။

"နေစွမ်း ! နင်ဘယ်လိုလုပ်ပြီး ဒီအချိန်ကြီး
ရောက်ချလာတာတုန်း?"

ထိုအခါ သူမဒီလိုပြောလိုက်တော့ မောင်ဖြစ်သူဟာ မျက်မှောင်ကျုံ့ပြီး ကြည့်လာကာ...

"ဘာဖြစ်လို့လည်း လာလို့မရဘူးလား?"

"ကျစ်...နင်လာမယ်ဆိုရင်လည်း ဖုန်းလေး
ဘာလေးဆက်ပေါ့"

"ဖုန်းငါဆက်တာမှ ခဏခဏဘဲ
နင်ကသာ မကိုင်တာသိလား! "

"ဟင်!"

ဒုက္ခပါဘဲ ဖုန်းဆိုမှ သူမ သတိရသွားသည်။
ဖုန်းက ကိုကြီးသိမ်းထားသည်မလား?
မေသဲ စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်လိုက်ပြီး
နေစွမ်းကို ကြည့်လိုက်ကာ...

"အခုဘာလာလုပ်တာလည်း?"

"ငါ့မှာအိပ်စရာနေရာမရှိတော့လို့"

"ဘယ်လို!"

"ဟုတ်တယ်လေ...ငါ့ဒယ်ဒီနဲ့ငါ ရန်ဖြစ်သလို
ဖြစ်ထားလို့ဟာ...ရှင်းရှင်းလေးပြောရရင်
တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်
ဖြစ်ထားလို့"

"နင်ဘဲ အခုရက်ပိုင်း ဟိုတယ်မှာ အိပ်မယ်ဆို"

"ဟ! ပိုက်ဆံမရှိတော့လို့ပေါ့ဟ"

"နင့်လိုသူ‌ဌေးသားဖြစ်သွားတဲ့သူက
ပိုက်ဆံ မရှိဘူးဆိုတာ ဖြစ်နိုင်လို့လား?"

"သူဌေးသားတိုင်း ပိုက်ဆံရှိတယ်လို့
ဘယ်သူပြောလည်း? သူဌေးရဲ့သားဘဲ
ဖြစ်တာ...သူဌေးလည်း မဟုတ်သလို
ပိုက်ဆံလည်းမရှိဘူး ; အဲ့တော့ ငါ့ကိုဒီမှာ
တစ်ပတ် အိပ်ခွင့်ပေး"

"ဟာ..မဖြစ်နိုင်တာ"

"ဘာလို့လည်း? နင်က ငါ့ကို လက်မခံဘူးလား?"

"အဲ့လိုမဟုတ်ဘူးလေဟာ..."

"ဒါဆို ဘာသဘောလည်း?"

"တစ်ယောက်ယောက်တွေ့သွားရင်
မကောင်းဘူးလေ"

မျက်နှာပျက်နေတဲ့ ညို့ကိုကြည့်ရင်း
သူဟာ ထိုတစ်ခွန်းဆိုလိုက်သည်။

ကျွန်‌တော် ပိုင်သော ညို🤎Donde viven las historias. Descúbrelo ahora