"ကျွန်တော်ပိုင်သော ညို 🤎" (၁၈)

12.8K 374 24
                                        

Unicode

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၈)

မေသဲ ကိုယ့်အခန်းထဲ ပြန်ရောက်တော့
မေသဲရင်တွေဟာ ကုလားဘုရားလှည့်သလို
ဒုန်းဆိုင်းတီးနေတော့သည်။စဉ်းစားလိုက်တိုင်း
တွေးပူပြီး ရှက်လာတာကြောင့် ကုတင်ပေါ်
ခုန်တက်ပြီး စောင်ကို လွှားခနဲ ခြုံလိုက်ကာ
ကိုယ့်စောင် ကိုယ် ပြန်ကိုက်နေမိသည်။

ကိုကြီးက သူမကို နမ်းတာ ဒါနဲ့ဆိုရင်
လေးကြိမ်တိတိရှိပါပြီ။
First kiss က အမုန်းနဲ့စတင်ခဲ့တယ်ဆိုပေမယ့်
ကိုကြီး နိုင်ငံခြားက ပြန်ရောက်လာကတည်းက
ကိုကြီးရဲ့အနမ်းတွေက မေသဲ အတွက် ချိုမြိန်နေပါသည်။ သို့ပေမယ့်... ကိုကြီးဟာ
သူမကို နမ်းတာ ချစ်လို့နမ်းတာ မဟုတ်ဘဲ
ဒီတိုင်း သူနမ်းချင်လို့ နမ်းတာတဲ့?
ထိုသို့ စဉ်းစားလိုက်တိုင်း မေသဲ ရဲ့ရင်ခုန်သံ
အပျော်လေးတွေဟာ ပျက်သွားရစမြဲ။

ကျန်တာတွေထက် မေသဲ သိချင်သည်က
ကိုကြီးဟာ မမသန္တာချိုနဲ့ ပြတ်သွားတာလား
မပြတ်သေးဘူးလားဆိုတာကိုပင်။
တော်ကြာ မေသဲ ကိုယ်တိုင် သူများရည်းစား
ကြောင်တောင်နှိုက်တဲ့သူတော့ မဖြစ်ချင်ပါ။

ရင်ခုန်တာကတစ်ပိုင်း စိုးရိမ်တာက တစ်ပိုင်းနဲ့
မေသဲ ကုတင်ထက်မှာ ဟိုလူးလိမ့်ဒီလူးလိမ့်ရင်း
အိပ်မပျော်နိုင်ဖြစ်နေရသည်။

သို့ပေမယ့် သူမ မသိလိုက်တာက
သူမရဲ့ အခန်းတံခါးကို ဖွဖွလေး ‌ဖွင့်ပြီး
စောင့်ကြည့်နေတဲ့ သော်မင်းဆက်ရဲ့
မျက်လုံးတစ်စုံပင်။

သော်မင်းဆက် ဟာ သူမနဲ့ စကားပြောချင်လို့
စံအိမ်အပေါ်ထပ်ကို တက်လာခဲ့ပေမယ့်
လသာဆောင်မှာ ရှိတဲ့ သူမကို သူတွေ့လိုက်သည်။အစကတော့ စကားသွားပြောဖို့
လုပ်ခဲ့ပေမယ့် စစ်မင်းထက် တက်လာတာကြောင့် သူဟာ ထောင့်ကွယ်တစ်နေရာမှာ
ပုန်းရှိုးနေလိုက်ပြီး သူတို့နှစ်ယောက်ကို
စောင့်ကြည့်နေခဲ့သည်။

သူမြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ရင်ကို
အင်မတန် နာကျင်စေသည်။
သူ ဘယ်လိုလုပ်ရင်ကောင်းမလည်း?
သူချစ်ရတဲ့သူမလေးနဲ့ သူ့တူ ?
စစ်မင်းထက်ကရော သူမလေးကို
တကယ်ချစ်ရဲ့လား?
သူချစ်တဲ့ သူမကရော ?

ကျွန်‌တော် ပိုင်သော ညို🤎Место, где живут истории. Откройте их для себя