Unicode & ZawGyi
"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၃၄)
နွေရာသီဟာ ပူပြင်းပူလောင်နေသလောက်
တစ်ချို့ဌက်လေးတွေကတော့ ချစ်ခြင်းမေတ္တာ ကြောင့် အေးချမ်းသာယာနေသည်ဟုထင်မှတ်ကြသည်။နောက်တစ်ပတ်ကျင်းပမယ့်
မင်္ဂလာပွဲနှစ်ပွဲအတွက် လိုလေသေးမရှိအောင်
စီစဉ်ဆောင်ရွက်နေကြသည်။ထိုကိစ္စတွေအားလုံးပြီးသွားပြီးနောက်မှာတော့
ဖွားဒေါ်စိန်မမဟာ နေစွမ်းလေးရဲ့အဖေအိမ်မှာ
"၉လ" လောက်နေကာ
နေစွမ်းအဖေနဲ့ ကိုကြီးအမေ
လက်ထပ်စာချုပ်မချုပ်မချင်း တစ်ခုပြီးတစ်ခု
မွှေနေတာကြောင့် နောက်ဆုံးလက်မြှောက်
အရှုံးပေးလိုက်ရတဲ့ ဦးမင်းမဟာမြတ်ဟာ
နောက်ဆုံးတော့လည်း ကိုကြီးအမေနဲ့
လက်ထပ်စာချုပ်ချုပ်ပြီး
မင်္ဂလာဆွမ်းကပ်ကပ်ခဲ့သည်။လက်ထပ်စာချုပ်ကို ဖွားဟာ နေစွမ်းအား
နောင်တစ်ချိန်မှာ ဘိုးဘွားပိုင်လုပ်ငန်းတွေထဲကမှ ဆီထုတ်လုပ်ငန်းကြီးကို လွှဲပေးမည်ဟု
ဆိုလာတာကြောင့် ဦးမင်းမဟာမြတ်က
လက်ခံခဲ့သည်။သို့ပေမယ့်လို့ပေါ့....
ဖွားရယ် အန်တီရယ်ဟာ ဦးမင်းမဟာမြတ်အိမ်မှာ အပြီးတိုင်နေဖို့ အဝတ်အစားတွေ ပရိဘောဂ
တွေက အစ လဲခဲ့ပေမယ့် ဦးမင်းမဟာမြတ်
တောင်းဆိုထားသည့် အရာတစ်ခုရှိခဲ့သည်။
ထိုအချင်းအရာက....ဦးမင်းမဟာမြတ်နဲ့ဒေါ်တင့်တင့်ရီတို့ဟာ
တရားဝင်လူသိရှင်ကြား လက်ထပ်စာချုပ်ချုပ်ဆိုခဲ့ကြပြီးနောက်ပိုင်း တစ်အိမ်တည်းမှာ
နေကြပေမယ့် အိပ်ရင်တော့ တစ်ယောက်
တစ်ခန်း သီးသန့်ဖြစ်နေရမည်ဟု တောင်းဆိုခဲ့သည်။ သူ့ကိစ္စငါဝင်မပါ! ငါ့ကိစ္စသူဝင်မပါရစေဟု ဆိုပြီး သဘောတူညီချက်ပါ ကမ်းလှမ်းခဲ့သည်။ သို့ပေမယ့် ဖွားဟာ ထိုတောင်းဆိုချက်ကိုတော့ အင်တင်တင်ဖြင့်လက်ခံခဲ့ပေမယ့်
တစ်သီးတစ်သန့်အိပ်နိုင်တယ်
ဆိုတာကိုသာ လက်ခံခဲ့သည်။သူတို့နှစ်ဦးလက်ထပ်စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ဦးသော်နဲ့ အစ်မမေနှင်းဟာ
ကလောမြို့မှာဘဲ အခြေချဖို့ ရွေးချယ်လိုက်ပြီး
ရန်ကုန်ကအခုအိမ်ကြီးမှာ ရှိတဲ့သူတွေကတော့
မေသဲနဲ့ကိုကြီး၊ ပြီးတော့ ကြီးသောင်းနဲ့
ဘကြီးသောင်း....၊ ပြီးတော့
တာရာလင်းညိုနဲ့သူမအဖေဦးနေအေး။
![](https://img.wattpad.com/cover/325606151-288-k203285.jpg)
STAI LEGGENDO
ကျွန်တော် ပိုင်သော ညို🤎
Storie d'amoreUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...