Unicode & ZawGyi
"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၃၃)
တစ်ချိန်ကအရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့ဖူးတဲ့
ဦးနေအေးဆိုတဲ့ တစ်ချိန်ကလူမိုက်ကြီးဟာ သားမယားပေါ် မသိတတ်သည့်လူမိုက်ကြီးဖြစ်သည်။ မယားကိုမယားမှန်းမသိတတ်!
သားသမီးကို သားသမီးမှန်းမသိတတ်တဲ့
လူ့အမှိုက်သာသာလူဖြစ်ခဲ့ဖူးသည်။နောက်ဆုံး သူဆိုတဲ့ ငမိုက်သားဟာကိုယ့်မိန်းမကိုတောင် အရက်ကြောင်ကြောင်ပြီး ဓားနဲ့ထိုးသတ်ခဲ့ဖူးသည်မလား? အဲ့တုန်းက သူ့သားသမီးတွေဟာ ငယ်ငယ်ရွယ်ရွယ်လေးတွေပင် ရှိနေဦးမည်။အရင်င်ကအချိန်တွေကို အခန်းထဲမှာ စမြုပ်ပြန်အောင် စဉ်းစားရင်း တရားစီရင်ချက်မချမီ နောက်ဆုံးနေ့ကသမီးလေးမေသဲညိုဟာ
သားငယ်တာရာလင်းညိုလေးကို ချီပိုးထားသည်။ဒါ့အပြင် သူ့ရဲ့မွေးစားသား ဆိုတဲ့ ကောင်လေး နေစွမ်းမဟာလည်း ပါသည်။ ထိုအချိန်တုန်းက သူ့သမီးလေးရဲ့ မျက်ဝန်းဟာ သူ့အား နစ်နစ်ကာကာမုန်းသည့်အကြည့်တို့ဖြင့် စူးရှစွာကြည့်နေခဲ့သည်ကိုသူ့ဦးနှောက်က ကောင်းကောင်းကြီး မှတ်မိပါသည်။
မနက်ဖြန်ဖြစ်လာတော့မယ့်ကိစ္စကြောင့်
ဦးနေအေး ဘယ်လိုမှ အိပ်မပျော်နိုင်တော့ပါ။
သမီးလေးနဲ့သားငယ်လေးကို ဘယ်လိုကယ်တင်ရမလည်း ဆိုသည့် စိတ်ကသာ ကြီးမိုးနေသည်။
ဖြစ်နိုင်ရင် အခုချက်ချင်းဘဲ သမီးလေးနေတဲ့အိမ်ကို ဦးနေအေး ထိုကိစ္စအား မြန်မြန်သွားပြောလိုက်ချင်သည်။သို့ပေမယ့် သမီးလေးက သူ့လို
လူမိုက်အဖေကို မှတ်မိနိုင်ပါ့မလား?ဦးနေအေး အခန်းထဲမှာအောင်းနေကာ
သက်ပြင်းတစ်ချချဖြင့် စဉ်းစားနေမိသည်မှာ
မနက် ၂ နာရီခွဲပင်ဖြစ်သည်။(ညသန်းခေါင်ယံ)
အခုချိန်ခိုးထွက်မှာမို့ သူဟာဦးအောင်ကျော်ဟိန်းတပည့်တွေရဲ့အခြေအနေကိုစောင့်ကြည့်နေရသည်ည်။အိပ်လောက်ပြီဟု အထင်နဲ့ အခန်းထဲမှ
ဖြည်းဖြည်းချင်းထွက်လာပြီး ဟိုကြည့်ဒီကြည့်ဖြင့်ကြည့်ကာ ခိုးကြောင်ခိုးဝှက်ထွက်လာရသည်မှာ အင်မတန် စွန့်စားရသည့်အလုပ်တစ်ခု။
ထို့နောက် အပေါ်ထပ်က ပြတင်းပေါက်ရှိတဲ့
ဝရံတာဆီ ဖြည်းဖြည်းချင်းသွားကာ ခြံစောင့်ကို
တစ်ချက်ရှိုးလိုက်တော့ ထိုခြံစောင့်သုံးယောက်ဟာ ဖုန်းကိုဆီဖြင့်။
သူ့မှာလည်းဦးအောင်ကျော်ဟိန်းပေးထားတဲ့
ဖုန်းတစ်လုံးရှိတာမို့ ဖုန်းထဲက ဓာတ်မီးအား
အမှောင်ထဲအသုံးချကာ အောက်ထပ်သို့ ဖြည်းညင်းစွာ ဆင်းလာသည်။

YOU ARE READING
ကျွန်တော် ပိုင်သော ညို🤎
RomanceUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...