"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၃)

9.2K 270 11
                                    

Unicode & ZawGyi

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၃)

"မင်း ဘာတွေခံစားနေရလည်း ငါမသိပေမယ့်
Bar မှာ ဖြစ်ခဲ့တဲ့ အခြေအနေအရဆိုရင်
မင်း မိသားစုမှာ အခက်အခဲ ရှိတဲ့ပုံဘဲ?
ပြောပါ ငါမင်းလိုအပ်တာကို ဖြည့်ဆည်းပေးနိုင်ပါတယ်"

"အကို့စေတနာကို ညီမ ငြင်းပါရစေ"

သူမဟာ မျက်ရည်လေးတွေကို အရင်သုတ်ပြီးမှ
မတ်တပ်ရပ်လာကာ သူ့ကိုဆိုလာသည်။

"ဟေ့....ဘူးသီး၊မင်းက ငါ့ညီမလေးတစ်‌ယောက်လိုဘဲမို့လို့ ကူညီမယ်ပြောတာပါ
စေတနာကို မငြင်းနဲ့"

"ညီမ နာမည် ဘူးသီး မဟုတ်ဘူး!
ညီမနာမည် မီမီကို"

"မီမီကို ဟုတ်လား? မီမီကိုဆိုတော့
နို့မှုန့်ပေါ့...ဟားဟား"

"အကိုနော်! ညီမက ဘူးသီးလည်း မဟုတ်ဘူး
နို့မှုန့်လည်း မဟုတ်ဘူး"

နှုတ်ခမ်းလေးတထော်ထော်ဖြင့်ပြောလာသည်ကြောင့် မိန်းကလေးတိုင်းက
စိတ်ဆိုးရင် ဒီလိုပါလားလို့ ညီဇေ‌ကျော်
တွေးမိသည်။

"မင်းက မေသဲညို သူငယ်ချင်းမလား?"

"ဟုတ်တယ်လေ"

"ဒါဆို အကို့နာမည် မင်းသိလောက်မှာပေါ့"

"အင်း သိတယ်လေ"

"ဒါဆို အကို့နာမည်က ဘာလည်း?"

"မမှတ်မိတော့ဘူး"

"အဟွန်း....ကောင်မလေး သိလည်း မသိဘဲနဲ့
မသိရင် မှတ်ထား အကို့နာမည် ညီဇေကျော်"

လူကြီးဟာ ကန်ရေပြင်ကျယ်ကြီးကို
ကြည့်ပြီး ပြုံးကာဆိုလာသည်။

"ခုနက အကူအညီကို မင်း မယူဘူးဆိုတာ
ကျိန်းသေတယ်နော် ဘူးသီး?"

လူကြီးဟာ သူ၏လက်နှစ်ဖက်ကို
ဘောင်းဘီအိတ်ကပ်ထဲထည့်ရင်း
မီကို့မျက်နှာပြင်လေးကို စိုက်ကြည့်ကာ
အလေးအနက် မေးလာပြန်သည်။

ထိုအခါ မီကို ဟာ လူကြီး၏ စေတနာကို
ထပ်ငြင်းမိပြန်သည်။

"မလိုပါဘူး အကို"

"ကောင်းပါပြီ မင်းသဘောပါဘဲ...,
တကယ်လို့ အကူအညီလိုအပ်လာရင်
ငါရှိတယ်ဆိုတာ မင်းမမေ့လိုက်နဲ့နော်
ဘူးသီး?"

ကျွန်‌တော် ပိုင်သော ညို🤎Onde histórias criam vida. Descubra agora