"ကျွန်တော်ပိုင်သော ညို 🤎" (၁၅)

10.1K 332 19
                                    

Unicode

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၅)

"လာချင်ရင် နီးနီးလေး
မလာချင်ရင် အဝေးကြီး..."တဲ့။
သိပ်လှတဲ့ စကားလုံးလေးပါဘဲ။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်
ဝေးရမယ့် ကံဇာတာပါရင် ဝေးကိုဝေးရတတ်သည်။ တစ်ချို့ကျပြန်တော့လည်း
တစ်ယောက်နဲ့တစ်ယောက် မဝေးချင်ဘဲ
ဝေးကြရသလို တစ်ချို့ကျပြန်တော့လည်း
သူတို့ဆန္ဒကြောင့် ကိုယ်မနေချင်တော့တဲ့သူအနားမှ ထွက်ခွာသွားကြလို့ ဝေးရပြန်သည်။
၃ နှစ်ဆိုတဲ့ အချိန်ကို ကျော်လွန်ပြီးနောက်မှာတော့ ထိုကြားထဲမှာ မျက်လှည့်ဆန်စွာ ပြောင်းလဲသွားတဲ့ အရာတွေ အများကြီးရှိသည်။

ထိုပြောင်းလဲသွားတဲ့ အရာတွေထဲမှာ
ပြန်ရှာတွေ့လို့မရအောင် ပျောက်ဆုံးသွားတဲ့
အရာတွေလည်း ရှိသလို ပြန်ပေါ်လာမှာ
ကြောက်တဲ့ အရာတွေလည်း ရှိသည်။

မေသဲရဲ့ ဘဝမှာ ပျောက်ဆုံးသွားတဲ့
လူသားက မေသဲသိပ်ချစ်ရတဲ့ မောင်လေးဖြစ်ပြီး
ပြန်ပေါ်လာမှာကို ကြောက်တဲ့အရာက
မေသဲ၏ ဖခင် ဦးနေအေး ပင် ဖြစ်သည်။
မေသဲဟာ နေစွမ်းမဟာလေးကို လူမသိသူမသိ
ရှာခဲ့တာ ၃ နှစ်ရှိပြီဖြစ်သည်။
ထိုကောင်လေးဟာ သိပ်အပုန်းတော်တယ်ဟု
ဆိုရမည်။ သူ အခုနေ ကျောင်းများ
ဆက်တက်နေမလား? အသက်မပြည့်သေးဘဲ
အလုပ်များဝင်လုပ်နေမလား?ဟု မေသဲညိုဆိုတဲ့
သူမဟာ ထိုကောင်ဆိုးလေးအကြောင်းကို
ညအိပ်ယာဝင်တိုင်း အကြိမ်ကြိမ် စဉ်းစားမိသည်မှာ အကြိမ်ကြိမ် အခါခါပင်။

ဘုရားရှိခိုးတိုင်းလည်း သူမ ဟာ
သူမ မောင်လေး နေစွမ်းမဟာအတွက်
ညတိုင်း ညတိုင်းဆုတောင်းပေးသည်။
ထိုကောင်ဆိုးလေး အဆင်ပြေပါစေလို့
ဆုတောင်းပေးရတာလည်း အကြိမ်ပေါင်းမနည်းတော့ပါ။သူမသာ အဲ့ဒီ့နေ့က နေစွမ်းလေးကို
ထွက်မသွားဖို့ပြောမိလိုက်ရင် သိပ်ကောင်းမှာဘဲလို့ တွေးမိသလို သူမ ကိုယ်တိုင် သူမ နှုတ်မှ
ထွက်သွားလို့ ပြောထွက်ခဲ့မိတာကို
နောင်တ ရမိသည်။

"မေသဲရေ...မေသဲ

"ရှင်....."

ကြီးသောင်းရဲ့ ခေါ်သံကြောင့် သူမဟာ
တာရာလင်းညိုလေးရဲ့ ပြဲရဲနေတဲ့
ကျောင်းအင်္ကျီအဖြူလေးကို အပ်ချုပ်ပေးနေရင်းမှ လှမ်းထူးလိုက်သည်။
အချိန်ကိုကြည့်မိတော့ ည ၉နာရီ ထိုးပြီမို့
ကြီးသောင်းဟာ ဘာကိစ္စများရှိလို့
အိမ်ငယ်လေးဆီ လာရတာလည်းလို့
သူမတွေးမိသည်။

ကျွန်‌တော် ပိုင်သော ညို🤎Onde histórias criam vida. Descubra agora