"ကျွန်တော်ပိုင်သော ညို " (၂၉)

8.9K 271 9
                                    

Unicode & ZawGyi

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၉)

"ကိုကြီးကထင်ရာတွေ လျှောက်တွေးတတ်တာဘဲလား?"

ညိုလေးဟာ သူ့ကို မှင်သေသေကြည့်လာပြီး
သူ့ကိုစိတ်ပျက်သလိုကြည့်လာသည်။
သူဟာ သူမပခုံးကို ဆုပ်ကိုင်ထားရာမှ
လွှတ်ပေးလိုက်ပြီး...

"မင်းထင်ချင်သလိုထင်!"

သူဟာ သူမကို ဒေါသကြောင့်
အသက်ရှူသံပြင်းပြင်းဖြင့် ဟိုဘက်လှည့်ပြီး
ခါးထောက်ကာ ဆိုမိသည်။
သူမှားသွားသလား? သူမကို ဒါလေးမေးမိတာ
သူမှားသွားသလား? သန္တာချိုတုန်းက သူဟာ
သူကိုယ်တိုင်နွားကျခံခဲ့ရသည့်အဖြစ်ကို
သူသာအသိဆုံး။အခုလည်း သူမက
သူ မသိအောင် ဘယ်အချိန်ကတည်းကများ
နေစွမ်းမဟာနဲ့ အဆက်အသွယ်ပြန်ရသွားကာ
"စားပြီးပြီလား"မေးနေသည့်အဆင့်ထိပင်။
စစ်မင်းထက်ဟာ သူမကို တစ်ချက်ပြန်စောင်းဌဲ့ကြည့်ပြီး....

"ပြော...မင်းရဲ့မောင်ကိုဘယ်အချိန်ကတည်းက
ပြန်တွေ့တာလည်း?"

"ဒီနေ့ဘဲ...."

သူမရဲ့ အဖြေဟာ တိုတောင်းသည်။
ဒါကို စစ်မင်းထက်ဟာ စိတ်တိုတိုဖြင့် ခပ်မဲ့မဲ့ရယ်ကာ...

"ဘာလို့မပြောတာလည်း...ငါ့ကို?"

သူမဟာ သူ့ကို နှုတ်ဆိတ်နေပြီး စေ့စေ့ကြည့်နေတာကြောင့် တစ်ဖန်သူမ ပခုံးကိုကိုင်လှုပ်ကာ!

"ငါ‌မေးနေရင် ဖြေစမ်း...မေသဲညို!!"

သူ့အသံဟာ အခန်းပြင်ထိတောင် ကြားနေရလောက်မည်ဖြစ်သည်။

"မေသဲ မေ့နေလို့..."

"ဘာ! မေ့နေတယ် ? ဟုတ်လား!"

"ဟုတ်တယ်! မေသဲ ကိုကြီးကို ပြောပြဖို့
မေ့နေခဲ့တယ်!"

သူမဟာ မျက်ရည်ကြည်လေးတွေ ဝေ့တက်လာပြီး စစ်မင်းထက်ကို အော်ပြောမိသည်။

"မင်းမောင်ကို ပြန်တွေ့တဲ့ကိစ္စက အဲ့လောက်တောင် ဝမ်းသာလုံးတွေဆို့ပြီး မပြောပြနိုင်လောက်တဲ့အထိ မေ့နေတယ်ပေါ့လေ! ဟုတ်လား! မေသဲညို!"

"ဟင့်..! ကိုကြီး ဘာဖြစ်လို့ မေသဲကိုအော်ဟစ်ပြောဆိုနေရတာလည်း! ဟင့်!"

ကျွန်‌တော် ပိုင်သော ညို🤎Место, где живут истории. Откройте их для себя