"ကျွန်တော်ပိုင်သော ညို 🤎" (၁၇)

14K 367 19
                                        

Unicode

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၇)

သော်မင်းဆက် မနက်ခင်း မိုးလင်းတော့
ကားသော့ကိုယူကာ အစ်မဖြစ်သူရှိနေတဲ့
ဆန်စက်ရုံကို သွားဖို့ ပြင်လိုက်သည်။

ခြံထဲ သူထွက်လာတော့ အလုပ်သမားတစ်ချို့က
ခေါင်းငုံ့ကာ အရိုအသေ ပြုတော့
သူက ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြသည်။

ရုတ်တရက် သူကားပေါ်တက်မလို လုပ်ရင်းမှ
တစ်စုံတစ်ယောက်ကို သတိရသွားကာ
သူမ ရှိတဲ့ အခန်းရှေ့လေးကို ပြန်သွားပြီး
တံခါးခေါက်ကာ သူမ နာမည်လေး ခေါ်လိုက်သည်။

"သဲညို...သဲညို...."

သူ တံခါးသုံးချက် ခေါက်နေလည်း
သူမအသံ မကြားရတာကြောင့် သူဝင်ကြည့်ဖို့
ဆုံးဖြတ်ချက်ချပေမယ့် မိန်းက‌လေး
တစ်ယောက်တည်းရှိတဲ့အခန်းကို ဝင်တာ
မကောင်းပါဘူးဟုဆိုပြီး တွေးမိလိုက်သည်။
ထို့နောက် သော်မင်းဆက်ဟာ သူမ
အခန်းရှေ့ကနေပြန်ထွက်ခိုက်
ဦးဘတင်နဲ့ဒေါ်သုန်ကို တွေ့တော့ နှုတ်ဆက်လိုက်သည်။

"အစ်ကိုလေး ဘယ်သွားမလို့တုန်း?"

"ကျနော့်အစ်မရှိတဲ့ ဆန်စက်ရုံကို
ခဏ သွားမလို့ပါ"

"ဒါဆို မမကြီးကို ဒေါ်သုန် ကြည့်ပေးထားလိုက်ပါမယ်"

"ရပါတယ်...ဒေါ်သုန်၊ အမေ့ကို ကြည့်ပေးမယ်
သဲညိုတစ်ယောက်လုံး ရှ်ိပါတယ်"

"သဲညို? "

"ဟေ?"

ထိုအခါ ဦးဘတင်နဲ့ ဒေါ်သုန်ဟာ တစ်ယောက်ကို
တစ်ယောက်ကြည့်ပြီးမှ ဦးဘတင်က
စကားတစ်ခွန်းဆိုလာသည်။

"မေသဲညို လေးက အခု မနက်ပိုင်း စံအိမ်မှာ
မရှိဘူးလေ အစ်ကိုလေး"

"ဟုတ်တယ်‌အစ်ကိုလေးရဲ့....၊
မေသဲက အစ်ကိုလေး စစ်မင်းထက်နဲ့
‌ကလောဈေးကြီးကို သွားကြတယ်လေ
မနက် ၆ နာရီမထိုးခင် လောက်ကတည်းက
ဖြစ်မယ်ထင်တယ်...ဟုတ်တယ်နော် ကိုဘတင်"

"ဟုတ်တယ် အစ်ကိုလေး ဟုတ်တယ်"

ဦးဘတင်နဲ့ ဒေါ်သုန်ရဲ့ စကားကြောင့်
သော်မင်းဆက် စိတ်ထဲ သူမကို သူ့တူနဲ့
ရှိခြင်းက သူ့စိတ်ကို ခိုးလုခိုးလုဖြစ်စေသည်။
သော်မင်းဆက် ဟာ ဦးဘတင်နဲ့ ဒေါ်သုန်ကို
ဆန်စက်ရုံသွားဖို့နောက်ကျနေပြီဟုဆိုကာ
ထွက်လာလိုက်တော့သည်။

ကျွန်‌တော် ပိုင်သော ညို🤎Место, где живут истории. Откройте их для себя