"ကျွန်တော်ပိုင်သော ညို 🤎" (၂၅)

7.2K 287 8
                                    

Unicode & ZawGyi

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၅)

ဒေါ်တင့်တင့်ရီတစ်ယောက် အခုတစ်လော
အလုပ်နားထားတာကြောင့် အိမ်မှာရှိသမျှ
သတင်းစာတွေကို ဖတ်ကြည့်နေမိသည်။
စာဖတ်တာက သူမရဲ့ ဝါသနာမို့ ထင်သည်...;
သူမ အားသည့်အချိန်တိုင်း စာဖတ်ခန်းထဲဝင်ကာ
စာအုပ် တစ်အုပ်၊ ဒါမှမဟုတ် မဂ္ဂဇင်း၊ စီးပွားရေး
ဂျာနယ်လစ်နဲ့ စီးပွားရေး သတင်းစာများကို
လှန်လှောရှာနေသည်။

ထိုသို့ လှန်လှောရှာနေရင်းမှ "ခရီးသွားခြင်း
တစ်စိတ်တစ်ပိုင်း၏ဖွံ့ဖြိုးရေး အခန်းကဏ္ဍမှ
စုမိစုရာ အကြောင်းအရာများ" ဟူသည့်
လတ်တလော ရေပန်းစားနေသည့် စာအုပ်ကို
သူမဟာ စာအုပ်စဉ်မှ ယူလိုက်သည်။

ထို့နောက် စာဖတ်ခုံတွင်အရင်ထိုင်ကာ
ဟိုလှန်ဒီလှန်ဖြင့် မေသဲညို ယူလာမယ့်
ကော််ဖီခွက်လေးကိုသာ ထိုင်စောင့်နေလိုက်သည်။ ဒီစာအုပ်ကို ဒေါ်တင့်တင့်ရီဟာ လွန်ခဲ့တဲ့
တစ်ပတ်ကျော်က စာပေဗိမ္မာန်မှ သူမ ကိုယ်တိုင်
ဝယ်လာခဲ့တာ ဖြစ်သည်။

စိတ်ဝင်စားစရာ အကြောင်းအရာများမှ
ခရီးသွားလုပ်ငန်းအခန်း(၃) ဆိုတဲ့စာမျက်နှာကိုရောက်တော့ ဒေါ်တင့်တင့်ရီ လက်တွေဟာ ထိုစာမျက်နှာမှာတင် ရပ်တန့်သွားခဲ့ရသည်။

"ဟင်!!! သူ..သူက...ဘယ်လိုလုပ်ပြီးတော့?"

သူမ သိပ်ကို အံ့ဩနေမိလို့ သူမလက်တွေဟာ
တုန်ယင်နေမိသည်။

"မင်းမဟာမြတ် နဲ့ နေစွမ်းမဟာ!!!"

စာမျက်နှာပေါ်က အကြောင်းအရာတစ်ချို့ကို
ဖတ်ကြည့်စဉ်နေမှာဘဲ.....

"အန်တီ...ကော်ဖီရပါပြီ"

မေသဲညိုရဲ့အသံကြောင့် သူမဟာ
ထိုမဂ္ဂဇင်းစာအုပ်ကို ချက်ချင်းပိတ်ပစ်လိုက်ပြီး
အံ့ဩထိတ်လန့်စွာဖြင့် ကြည့်နေမိသည်။

"ဘာ..ဘာဖြစ်လို့လည်း ဟင် အန်တီ"

အန်တီ့ရဲ့ပုံစံဟာ တစ်ခုခုကို ထိတ်လန့်‌နေပုံ
ဖြစ်တာကြောင့်‌မေသဲ မေးမိသည်။

"ဘာ..ဘာ..ဘာမှမဖြစ်ဘူး;ထွက်သွားတော့ရပြီ"

"ဟုတ်"

ကျွန်‌တော် ပိုင်သော ညို🤎Tahanan ng mga kuwento. Tumuklas ngayon