Unicode & ZawGyi
"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၃၂)
ဧည့်ခန်းထဲတွင် ဒေါ်စိန်မမ မှလွဲ၍
ထိုင်နေကာ ကျန်တဲ့လူအားလုံးမှာ
မတ်တပ်ရပ်လျက် အနေအထားနှင့်။
ဒေါ်စိန်မမဟာ တစ်ဦးချင်းစီ၏ မျက်နှာကို
စိတ်ပျက်ပျက်ဖြင့် လိုက်ကြည့်ကာ
သက်ပြင်းခဏခဏချနေမိသည်။
"ကဲ...ဒီနေ့တစ်ရက်တည်းမှာဘဲငါ့မှာ
သွေးတက်ချင်စရာ ကိစ္စအကြီးကြီး
သုံးခုရှိတယ်! "
အကုန်လုံးဟာ တိတ်ဆိတ်လျက်။
ဒီအိမ်၏အကြီးအကဲဖြစ်တဲ့ ဒေါ်စိန်မမ
စကားကို နားထောင်ကြရမယ်ဖြစ်သည်။
"ဒါ့ကြောင့် ရှော့ခ်ရချင်စရာကိစ္စ
အကြီးကြီး မပြောခင် step by step!!
အို...ကုန်ကုန်ပြောရရင်!
တစ် Level ပြီး တစ် level သွေးတက်မယ်;
ဟုတ်ပြီလား!"(🥲🤣)
"အရင်ဆုံး သော်မင်းဆက်နဲ့မေနှင်းပွင့်ဖြူက
စပြော!"
"ဟုတ်...အမေ
ကျနော် မေနှင်းနဲ့ လက်ထပ်ချင်ပါတယ်"
မေးမေးချင်းအဖြေနဲ့ ကြားကြားချင်းအဖြေကြားတွင် ကွာဟသည့် စက္ကန့်တောင်မရှိ။
"ဟုတ်ပြီ...ဘာကြောင့်မင်းက
မေသဲမဟုတ်ဘဲ မေနှင်းကိုလက်ထပ်ချင်သွားတာလည်း? ဒါမှမဟုတ် ကလေးမလေးက
မင်းအသက် ကိုကယ်လိုက်လို့လား?"
"ကျနော့်နှလုံးသားကိုရှာတွေ့လို့ပါ"
"အမယ်လေး...ဘုရား...ဘုရား!
ဟုတ်ပြီ မင်းကိစ္စက အဲ့လောက်ကြီး
သွေးတက်စရာမဟုတ်ပေမယ့် ငါ့သားကိစ္စ
အမေစဉ်းစားပေးပါ့မယ်; ကဲတစ်မှုပြီးပြီဆိုတော့
နောက်တစ်မှု!"
ထိုအခါ ဒေါ်စိန်မမရဲ့ မျက်နှာထားဟာ
ချက်ချင်းတင်းမာသွားလျက်!
"စစ်မင်းထက်! မင်းနဲ့မေသဲညိုနဲ့က
ဘယ်တုန်းက ဘယ်လို ချစ်ကြိုက်သွားပြီးတော့
နောက်ဆုံး မေသဲညိုဗိုက်ထဲကို
ပေါက်စတစ်ကောင် ရအောင် လုပ်လိုက်တာလည်း?"
"အဲ့ဒါကတော့ ကျနော့်ရဲ့
အစွမ်းကြောင့်နေမှာပေါ့"
"ဘာပြောတယ်!!! အောင်မလေး!
နင်ဒီစကားပြောရတာ မရှက်ဘူးလား! ဟမ်!
နင့်ကြောင့် ငါသေသာသေလိုက်ချင်ပါတယ်
စစ်မင်းထက်ရယ်!!! အောင် မ လေးဟဲ့!!"
ВЫ ЧИТАЕТЕ
ကျွန်တော် ပိုင်သော ညို🤎
Любовные романыUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...
