"ကျွန်တော်ပိုင်သော ညို 🤎" (၂၄)

10.6K 336 24
                                        

Unicode & ZawGyi

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၄)

"လွှတ်စမ်း! သန္တာချို!"

စစ်မင်းထက်ဟာ သူ့ကိုရဲရဲတင်းတင်းဖက်တွယ်လာတဲ့ သန္တာချိုရဲ့ လက်အစုံကို အားဖြင့် ဖယ်ရှားကာ သူနဲ့ အလှမ်းဝေးအောင်
တွန်းပစ်လိုက်သည်။

"ငါအရင်က စစ်မင်းထက် မဟုတ်တော့ဘူး"

"သန္တာ...သန္တာ့ ကို စစ်မုန်းသွားတာလားဟင်"

သန္တာချိုဟာ မျက်ရည်များဝဲလျက်ဖြင့်
ပြောလာသည်။

"ငါကမင်းကို မုန်းလည်းမမုန်းတော့ဘူး
အဟွန်း....ချစ်ဖို့ဆိုတာလည်း အဝေးကြီး!
ဒီအတိုင်းဘဲ ငါ့စိတ်ထဲမှာ မင်းက မရှိတော့တာ!
ငါမေ့ဖျောက်ပစ်လိုက်တဲ့ မှတ်ဉာဏ်တစ်ခုပေါ့"

စစ်မင်းထက်ဟာ ခြောက်ကပ်ကပ်ရယ်သွေးရင်း
ပြောလာသည်။

"ဒါပေမယ့် စစ်ရဲ့နှလုံးသားကတော့
သန္တာ့ကို မေ့လို့မရဘူးလေ,မဟုတ်ဘူး!
စစ်နှလုံးသားက သန္တာ့ကို
လုံးဝမေ့လို့မရနိုင်တဲ့ သူတစ်ယောက်ဘဲ!"

"မင်းကြိုက်သလို ထင်လိုက်ပါ သန္တာချို"

စစ်မင်းထက်ဟာ ထိုမျှသာ ပြောပြီး
သူမကို ကျောခိုင်းကာ လှည့်ထွက်ခဲ့သည်။

ကျောက်ရုပ်တစ်ရုပ်လို ရပ်ကျန်ခဲ့တဲ့
သန္တာချိုကတော့ ထွက်သွားပြီဖြစ်တဲ့
ကားကို အောက်နှုတ်ခမ်းကိုက်ကာ
ကြည့်ရင်း သူမစီးထားတဲ့ ဒေါက်မြင့်ဖိနပ်နဲ့
မြေပြင်ကိုဆောင့်အောင့်ကာ ကျန်နေခဲ့သည်။

"စစ်ကို သန္တာချိုကလွဲပြီး ဘယ်သူမှ
မပိုင်ဆိုင်စေရဘူး!"

တကယ်တော့ စစ် ရန်ကုန်ကို ပြန်ရောက်တာ
သန္တာသိပါသည်။ ကလောမှာတုန်းက
စစ်နဲ့ဖုန်းပြောရင်း စစ်ကိုယ်တိုင် သန္တာ့ဖုန်းနံပါတ်ကို block လိုက်လို့ ဝသန့်ဆီသွားပြီး အကူအညီ
တောင်းခဲ့ရခြင်းသာ ဖြစ်သည်။

💌~💌~💌~💌~💌~💌

"မင်းက ဒီမှာလည်း အလုပ်လုပ်တာဘဲလား?
ဘူးသီး"

"ဟာ...အဲ့ဒီနာမည်ကြီးမခေါ်ပါနဲ့ဆို"

"ထားပါ...အိုခေကောင်းပြီ ကိုယ့်ကိုဖြေတော့"

ကျွန်‌တော် ပိုင်သော ညို🤎Место, где живут истории. Откройте их для себя