Unicode
"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၂)
နေစွမ်းမဟာ ဟာ အိမ်ပြန်ရောက်သည်အထိ
စက်ဘီးကို ဒုန်းဆိုင်းမောင်းနေခဲ့သည်။
နားထဲမှာလည်း ကြားယောင်နေတဲ့
စကားလုံးတစ်ချို့က သူ့နားမှာ တဝဲလည်လည်
ဖြစ်နေဆဲပင်။"မင်းကငါ့သား.....!"
"မဟုတ်ဘူး!"
"မင်းက ဟော့ဒီက ဦးမင်းမဟာမြတ်ရဲ့ တစ်ဦးတည်းသော သား! နေစွမ်းမဟာဘဲ!"
"မဟုတ်ဘူး!!!"
ခေါင်းထဲက အတွေးတွေကို ခါချပစ်လိုက်ပြီး
လမ်းအကွေ့တစ်နေရာအရောက်မှာတော့
သူနင်းလာတဲ့ စက်ဘီးဟာ ချိန်းကြိုးပျက်သွားပြီး စက်ဘီးမှောက်သွားရသည်။"ချွမ်း!!! ဒုန်း!!!"(စက်ဘီးမှောက်သံ)
"အ!!"
အရှ်ိန်နဲ့ မတရားနင်းလာတာကြောင့်
စက်ဘီးပေါ်ကနေ မြေပြင်ကို နှစ်ပတ်တစ်လိမ့်
ပြုတ်ကျသွားသလို နေစွမ်းမဟာ၏ ဒူးဆစ်နဲ့
တံတောင်ဆစ်တို့မှာလည်း ပွန်းပဲ့ဒဏ်ရာများ
ရသွားသည်။မြေပြင်ပေါ်၌ပတ်လက် ရှိနေကာ
ကိုယ့်နဖူးပေါ် ကို ညာဘက်လက် တင်လိုက်ပြီး
နေစွမ်းမဟာဆိုတဲ့ ကောင်လေးဟာ
ဝမ်းနည်းစွာ ငိုကြွေးနေသည်။"ဒယ်ဒီ တောင်းပန်ပါတယ်....
မင်းရှေ့အခုမှ ရောက်လာလို့ ဒယ်ဒီတောင်းပန်ပါတယ် သား"အဖေဆိုတဲ့ လူရဲ့ စကားသံတွေဟာ
နေစွမ်းမဟာရဲ့ နားထဲမှာ အခုချိန်ထိ
ကြားယောင်နေဆဲပင်။"မင်း ငါ့ဆီလာခဲ့ပါ...သား၊
ငါမင်းလိုအပ်တာတွေကို
အကုန်ဖြည့်ဆည်းပေးပါ့မယ်....
အခုမှ ပေါ်လာလို့လည်း ဒယ်ဒီတောင်းပန်ပါတယ်""မဟုတ်ဘူး!!!!"
နေစွမ်းမဟာ ၏ ကျယ်လောင်လှသော
အော်သံကြောင့် သစ်ပင်ပေါ်မှာနားနေတဲ
ခိုဌက်တစ်ချို့နဲ့ ကျီးကန်းဌက်တွေပါ
လန့်ပြီး ပျံသန်းကြကုန်၏။သူ ညို့ကို ဘယ်လိုပြောရမှာလည်း?
"ငါ့အဖေ က ငါ့ကို ပြန်လာခေါ်နေပြီ...
ငါပြန်လိုက်သွားသင့်လား....ညို?"
ဒီလိုစကားလုံးပြောဖို့ သူ့မှာ ဘယ်လို အားအင်နဲ့
ပြောရမှာလည်း?
နေစွမ်းမဟာ ဟာ ကောင်းကင်ကြီးကို
မော့ကြည့်နေရင်း ထိုသို့ ထိုသို့ စဉ်းစားနေခဲ့သည်။
VOCÊ ESTÁ LENDO
ကျွန်တော် ပိုင်သော ညို🤎
RomanceUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...