"ကျွန်တော် ပိုင်သော ညို❤️"(၈)

8.8K 327 19
                                    

Unicode

"ကျွန်တော် ပိုင်သော ညို❤️"
အပိုင်း(၈)

"မေသဲရေ....မေသဲ"

"ရှင်...ကြီးသောင်း"

မေသဲ ငရုတ်သီးဆီသတ်နေရင်းမှ
ကြီးသောင်းရဲ့ ခေါ်သံကြောင့် လှမ်းထူးကာ
အသံပေးလိုက်သည်။

"ငရုတ်သီးဆီသတ်ပြီးသွားရင်
သမီးကိုကြီး အခန်းထဲသွားပြီး
သူဝတ်မယ့် အဝတ်ကို ရှာမတွေ့လို့တဲ့
အဲ့ဒါ ဝိုင်းကူပြီး ရှာပေးလိုက်ဦးကွယ်...
ကျန်တာတွေ ကြီးသောင်း ဆက်လုပ်လိုက်မယ်"

"ဟုတ်ကဲ့ကြီးသောင်း...."
ဟုဆိုကာ ငရုတ်သီး ဆီသတ်ပြီး ရေအနည်းငယ်
ထည့်ထားလိုက်သည်။

"ဪ ဒါနဲ့ ကြီးသောင်း အနာ ?
သက်သာသွားပြီလားဟင်...၊
အညှော်မိလို့ မဖြစ်သေးတာကို ဘာလို့

မီးဖိုချောင်ထဲ ဝင်တာတုန်း ကြီးသောင်း"
ငရုတ်သီး ဆီသတ်ပြီးသွားပြီဖြစ်တဲ့
ဇွန်းခွက်ကြီးကို ကိုင်ရင်းမှ မေသဲ မေးလိုက်သည်။

"ကြီးသောင်းရဲ့ အနာက သက်သာနေပါပြီ
မေသဲ လေးရဲ့...."

"ကြီးသောင်းနော်.....နောက်တစ်ခါ
မီးဖိုချောင်ထဲ ဝင်ရင် အနာအရှင်းပျောက်မှ
ဝင်လာခဲ့ပါ....."

ဂရုဏာသံလေးနဲ့ သူမ ပြောတော့
ကြီးသောင်းက ပြုံးတုံးတုံးဖြင့် ခေါင်းငြိမ့်ပြသည်။

"ကဲပါ....အဲ့ဒါတွေ ထားခဲ့တော့ ဟုတ်ပြီလား
တော်ကြာ သမီး မလာသေးရင်
သမီး ကိုကြီးကလာပြီး 'ဘာလို့ မလာသေးတာလည်း'
ဆိုပြီး ဆူနေဦးမယ်....
သူဝတ်မယ့် အဝတ် သွားရှာပေးလိုက်တော့..."

"ဟုတ်ကဲ့ ကြီးသောင်း...."

ဇွန်းခွက်လေး ချပြီး မီးဖိုချောင်ထဲမှ
ထွက်သွားတဲ့ ကလေးမရဲ့ ကျောပြင်ကို
ကြည့်ပြီး ‌ဒေါ်သောင်းရင် ခေါင်းတငြိမ့်ငြိမ့်
လုပ်နေမိသည်။

ဒီကလေးမ အရွယ်ဟာ သူမ အသက် ၁၆ နှစ်သို့
ရောက်ရှိနေပြီဖြစ်ပြီး ကျောထိဆံနွယ်အရှည်ကိုမှ
အရှေ့မှာ ဆံမြိတ်လေးလည်း ချထား‌သည်။
အမြဲတမ်း ဒူးထိ ဂါဝန်လေးနဲ့ စပန့်ဘောင်းဘီရှည်လေးတွေသာ ဝတ်ဆင်တတ်တဲ့ မိန်းကလေးဟာ
ကြာလေ ကြာလေ ပိုချစ်ဖို့ကောင်းသလို
အလှတွေလည်း ပိုလာသည်။

ကျွန်‌တော် ပိုင်သော ညို🤎Unde poveștirile trăiesc. Descoperă acum