ကျွန်တော် ပိုင်သော ညို❤️(၂)

13.1K 400 7
                                    

Unicode

ကျွန်တော် ပိုင်သော ညို...
အပိုင်း (2)

"တံမြက်စည်းတွေ ရမယ် တံမြက်စည်း....
လက်လှည်းတွေပါတယ် ၊ အုန်းဆံတွေပါတယ်၊
မြက်တံမြက်စည်းတွေ ရမယ်...."

နေပူကြီးထဲ ခမောက်စောင်းကာ
ကလေးငယ်နှစ်ဦးနဲ့ လိုက်ရောင်းနေတဲ့သူကတော့
မေသဲညိုလေးရဲ့အမေ ဒေါ်မြစန်းရီဖြစ်သည်။

"သန့်စင် တံမြက်စည်းတွေရမယ်နော်....
ခိုင်ခိုင်ခံ့ခံ့တွေ အမွှေးတွေကျွတ်ထွက်မသွားအောင်
လှဲချင်တယ်ဆိုရင်တော့ သန့်စင်ဆိုတဲ့
အကောင်းစား တံမြက်စည်းတွေ ရမယ်နော်..."

ဘကြီးသောင်းဆိုတဲ့ သက်ကြီးပိုင်း လူတစ်ဦးဟာ
ခြံထဲကို တံမြက်စည်းဖြင့် သစ်ရွက်ခြောက်
အမှိုက်တွေအား လှဲ‌ကျင်းနေရင်းမှ
ရပ်ကွက်ထဲ ဝင်လာတဲ့ တံမြက်စည်းသည်မ
တစ်ဦး၏ အသံကြောင့် စုတ်ပျက်သပ်နေပြီဖြစ်သော
တံမြက်စည်းကို ခြံစည်းရိုး တံခါး၏ထောင့်ကျသော
တစ်နေရာ တွင် ထားခဲ့ပြီး အပြင်ထွက်ကာ
လှမ်းခေါ်လိုက်သည်။

"တံမြက်စည်းသည် လာပါဦး...."..."

ဒေါ်မြစန်းရီတစ်ယောက် တာရာလေးကို
ပွေ့ချီထားတဲ့ နေစွမ်းမဟာလေးရဲ့ လက်ကို
ဆွဲခေါ်ကာ တံမြက်စည်းထမ်းကို ပခုံးတစ်ဖက်ပေါ်
ပင့်ပြီး အသံလာရာဆီသို့ ပြန်လှည့်လာခဲ့သည်။

"အုန်းတံမြက်စည်း ဘယ်လိုရောင်းလည်း"

"အုန်းဆံအသေးလေးက ၃၀၀
အကြီးက ၅၀၀"

"အုန်းဆံ မတ်တပ်အကြီးကို ပြောတာ သမီး"

"ဪ...အဲ့ဒါက မတ်တပ်အုန်းဆံက
တစ်ချောင်း ၁၂၀၀ ပါ အဘ...."

ဘကြီးသောင်းဟာ ထိုအမျိုးသမီး ရွေးပေးတဲ့
တံမြက်စည်း တစ်ချောင်းကို ယူလိုက်ပြီး
ပုဆိုး‌ထဲ လုံးထွေးထားတဲ့ ပိုက်ဆံ ၁၂၀၀ ကို
ပေးလိုက်သည်။

ဒေါ်မြစန်းရီဟာလည်း ဝယ်သူပေးလာတဲ့
ပိုက်ဆံ ၁၂၀၀ကို နေစွမ်းမဟာလေးရဲ့
မြန်မာဘေးလွယ်အိတ်လေးထဲ ပိုက်ဆံထည့်လိုက်သည်။

ဘကြီးသောင်းဟာ ထိုသားအမိသုံးယောက်ကို
အစကနေအဆုံးထိ ဘာရယ်မဟုတ်ကြည့်နေမိရင်းမှ..၊

ကျွန်‌တော် ပိုင်သော ညို🤎Onde histórias criam vida. Descubra agora