"ကျွန်တော်ပိုင်သော ညို 🤎"(၁၁)

13.3K 391 13
                                        

Unicode

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၁)

"အဖွားရေ...အဖွား......၊ အဖွားရှိလား?"

မေသဲ ပန်းကန်တွေဆေး‌နေတုန်း
ဧည့်ခန်းထဲဝင်လာတဲ့ အသံကြောင့်
ဆေးလက်စကို ချထားပြီး အနီးနားက
လက်သုတ်ဝတ်ကို ယူကာ လက်ကို သုတ်လိုက်ပြီးမှ ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။

စစ်မင်းထက် နှင့် ညီဇေကျော်ဟာ
သူမကိုဦးစွာတွေ့တော့ ညီဇေကျော်ကသာလျှင်
ပြုံးပြသည်။

"ဟယ်....ကိုကြီး ညီဇေကျော် ပြန်လာပြီ"

သူမ ဟာ အံ့အားသင့်စွာဖြင့် မျက်ဝန်းလေးပြူးကာ ဝမ်းပန်းတသာ ကြိုဆိုသည်။

"ခဏလောက်ထိုင်ပါဦးနော် ကိုကြီး....
မေသဲ ကိုကြီးတို့ သောက်ဖို့အတွက် အအေးလေး
သွားလုပ်ပေးမယ်နော်"

"အဖွား ရှိတယ်မလား...ညီမလေး"

"ရှိတယ် ကိုကြီး အခုလောက်ဆို
ဘုရားမီးပူဇော်ပြီး ရှိခိုးနေလောက်ပြီ...."

"ဪ...ဒါဆို အဖွားဆင်းလာမှာကို
စောင့်ရဦးမှာပေါ့"

"အဖွားက အသက်ကြီးပြီဆိုတော့
ဒူးသိပ်မကောင်းတော့ ဘုရားကြာကြာ
ရှိမခိုးနိုင်ဘူးလေ၊ အဲ့ဒါ့ကြောင့် သမီး အအေး‌ဖျော်ပြီးတာနဲ့ အပေါ်တက်ပြီး
သွားခေါ်ပေးမယ်နော်....
ကိုကြီးက အခုမှ ပြန်ရောက်တာဆိုတော့
ပင်ပန်းနေလောက်ရောပေါ့....
ခဏတဖြုတ်လောက် နားနားနေနေ ထိုင်...."

"နင် ဒီတစ်သက် အအေးဖျော်ဖြစ်ဦးမှာလား?"

မေသဲ စကားမဆုံးမှီ ကြားဖြတ်ပြောလာတဲ့
ကိုကြီးစကားကြောင့် ခေါင်းလေးငုံ့ပြလိုက်ပြီး
မီးဖိုချောင်ထဲသာ ဝင်သွားလိုက်တော့သည်။
ကိုကြီးစိတ်ကို မေသဲ အသိဆုံးပင်။

"မင်းကလည်းကွာ...သူက ငါ့ကို စေတနာနဲ့
ပြောနေတာပါကွ"

ညီဇေကျော်ဟာ စစ်မင်းထက်ကို မျက်ခုံးကျုံ့ကာ ပြောလိုက်တော့...

"အဲ့ကောင်မလေးကြောင့် သန္တာချိုနဲ့ ငါနဲ့
တွဲတာကို ငါ့အမေနဲ့ ငါ့အဖွား သိသွားရတာလေ"

ညီဇေကျော်နဲ့ စစ်မင်းထက်ဟာ ဧည့်ခန်းထဲက
ဆိုဖာထိုင်ခုံပေါ်မှာ ပစ်လှဲကာ ထိုင်ချလိုက်ပြီး...

ကျွန်‌တော် ပိုင်သော ညို🤎Место, где живут истории. Откройте их для себя