Intro

8.5K 283 4
                                    


Zawgyi

University တစ်ခု၏ကော်ရစ်ဒါတစ်လျှောက် တစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင်ကာလျှောက်လှမ်းလာသော ကောင်လေးနှစ်ယောက်။  အနောက်တွင်လည်းသက်ဆိုင်ရာကိုယ်ပိုင်သူငယ်ချင်းတွေခြံရံလျက်။ တစ်ဦး၏အကြည့်မှာဓားတစ်စင်းလိုစူးရှ၍ ကျန်တစ်ဦးမှာတော့ရေခဲပြင်ကဲ့သို့အေးစက်သောအကြည့်များဖြင့် တစ်ဦးကိုယ်တစ်ဦးကြည့်လျက်...

ထိုစဉ်၎င်းတို့၏သူငယ်ချင်းများတွင်အတွေးကိုယ်စီရှိကြလေ၏။ ထိုကား....

'အင်း...ဇာတ်လမ်းကတော့ပြန်စပြီ...သာသာယာယာလေးနေခွင့်ပေးကြစမ်းပါဦးဟ'

အပြင်တော့ထုတ်မပြောရဲကြ။ ဘာလို့ဆို...ကြောက်တယ်လေ ပြောစရာလား! တစ်ခုခုဖြစ်ရင် ပြူးပြူးပြာပြာနဲ့ဝင်ဆွဲရတာ သူတို့အလုပ်...အဲ့လိုဝင်ဆွဲကြရင်းနဲ့တောင် ဟိုဘက်ဒီဘက်သူငယ်ချင်းတွေတောင် မျက်နှာပူနေကြပြီကို ကျေးဇူးရှင်တွေက ရန်ဖြစ်လို့ကောင်းတုန်း...

<<<<<<<<<<<<<>>>>>>>>>>>>>>

                      Vam👽

Unicode

Universityတစ်ခု၏ကော်ရစ်ဒါတစ်လျှောက် တစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင်လျှောက်လှမ်းလာသော ကောင်းလေးနှစ်ယောက်၊ တစ်နည်းအားဖြင့် ကျောင်းသားနှစ်ယောက်။

အနောက်တွင်လည်းသက်ဆိုင်ရာ သူငယ်ချင်းတွေခြံရံလျက်...တစ်ဦး၏အကြည့်မှာဓားတစ်စင်းလိုစူးရှ၍ ကျန်တစ်ဦးမှာတော့ ရေခဲပြင်ကဲ့သို့အေးစက်သောအကြည့်များဖြင့် တစ်ဦးကိုတစ်ဦး ရန်ဆောင်နေသောအကြည့်များဖြင့်စိုက်ကြည့်နေကြသည်။

၎င်းတို့အနောက်မှာလိုက်ပါလာတဲ့ သူငယ်ချင်းများတွင်တော့ အတွေးကိုယ်စီရှိနေကြသည်။ ထိုကား

'ဇာတ်လမ်းကတော့ပြန်စတော့မယ်...သာသာယာယာလေးနေခွင့်ပေးကြစမ်းပါဦးဟ'

'ငါတို့သူငယ်ချင်းကို ထိရဲထိကြည့်'

တစ်ဖက်က ကောင်​​လေးတွေကအပြင်ကိုတော့ ထုတ်မပြောရဲကြ။ ဘာလို့ဆို...ကြောက်တယ်လေ ပြောစရာလား။ တစ်ခုခုဖြစ်ရင်ပြူးပြူးပြာပြာနဲ့ဝင်ဆွဲရတာ သူတို့အလုပ်။ ဝင်ဆွဲရင်းတောင်တစ်ဖက်နဲ့တစ်ဖက် မျက်နှာပူနေပြီကို ကျေးဇူးရှင်တွေကတော့ ရန်ဖြလို့မဝသေးတဲ့အပြင် အခုပြန်ပြီးနောက်တစ်ခေါက်မျက်နှာချင်းဆိုင်မိကြပြန်ပြီ။

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>

(24.2.2023)Friday

Vam👽


Double E {Completed}Hikayelerin yaşadığı yer. Şimdi keşfedin