သူတို့လှည့်ကြည့်တဲ့အချိန်မှာဒီရိုမရှိတော့ဘူး..ဒီတော့ချောက်ကမ်းပါးကနေပြုတ်ကျသွားတယ်ပဲမှတ်ယူလိုက်ကြတယ်။ရှောင်ဝါးကိုသတ်ချင်နေကြပေမယ့် ဒီရို့အတွက်ပူဆွေးနေရတာကြောင့်မတိုက်ခိုက်နိုင်သေးဘူး..
"ရှောင်ဝါး"
သူတော်စင်ရှောင်ဝါးရဲ့မျက်နာကပျက်ယွင်းသွားရပြီးချက်ချင်းပဲမြေပြင်ပေါ်ဒူးထောက်ချလိုက်တယ်။
ကောင်းကင်တစ်နေရာကနေထွက်လာတဲ့ဒီအသံကနတ်သမီးရဲ့အသံပဲ..သူတို့ကျွန်းစုလေးကိုစောင့်ရှောက်တဲ့နတ်သမီးရဲ့အသံ..အကောင်အထည်တော့ဘယ်သောအခါမှမပြခဲ့ပါဘူး..ဟန့်လျန်တို့လည်းလေးစားရတဲ့နတ်သမီးတစ်ပါးဖြစ်တာကြောင့်ဒူးတစ်ဖက်ထောက်ချလိုက်တယ်။ထျန်းဟွားကတော့ဒူးတွေပင်မထောက်နိုင်လောက်အောင်ထိသောကရောက်နေရသည်ကြောင့်နတ်သမီးကိုအာရုံမစိုက်နိုင်သေးပါ..
"ရှောင်ဝါး...မင်းရွေးချယ်တဲ့လမ်းစဥ်နဲ့မင်းလုပ်ရပ်ကဆန့်ကျင်ဘက်ဖြစ်နေပြီ... မင်းအခုလုပ်လိုက်တဲ့ကိစ္စကသူတော်စင်တွေလုပ်သင့်တဲ့အရာမျိုးမဟုတ်ဘူး မင်းကလူသားတစ်ယောက်ကိုဒီပြသနာတွေထဲဆွဲထည့်လိုက်တာ မင်းတို့အချင်းချင်းအားပြိုင်နေကြတဲ့လောကမှာဒီအပြစ်မဲ့တဲ့လူသားကိုမင်းအနေနဲ့တို့ထိခွင့်တောင်မရှိဘူး အဲ့ဒါနားလည်လား"
"ကျွန်တော်သိပါတယ်..ဒါပေမယ့် အဲ့ဒီ့ကောင်လေးမှာဒီမိစ္ဆာတွေရဲ့သွေးသားတွေကိုလွယ်ထားပြီးနေပြီ..မိးစ္ဆာသွေးကိုလောကထဲခြေချခွင့်ပြုလိုက်ရင်...."
"တော်စမ်းရှောင်ဝါး....မိစ္ဆာဖြစ်ပေမယ့်ခေါင်းဆောင်ဟန့်လျန်ရဲ့လက်အောက်မှာမကောင်းမှုတွေကသူ့နေရာနဲ့သူတည်ရှိနေကြပြီးသား..ဒီကိစ္စနဲ့ပတ်သပ်ပြီးအရင်ကလည်းငါဖြေရှင်းပေးခဲ့တယ်..ဒါလည်းမင်းတို့တွေတိုက်ခိုက်တာမရပ်တန့်နိုင်သေးဘူး..သူတော်စင်နဲ့မိစ္ဆာဆိုပြီးတည်ရှိနေသလိုဒီကမ္ဘာကြီးထဲမှာအကောင်းအဆိုး အမှားအမှန်ဟာလည်းတည်ရှိနေတာပဲ..အကောင်းပဲရှိတဲ့အခါ လူတွေကအခက်အခဲတွေကိုကျော်ဖြတ်ဖို့မကြိုးစားနိုင်တော့ဘူး...အဆိုးတွေပဲရှိတဲ့အခါကျတော့လည်းအသက်ရှင်ဖို့အတွက်တွေဝေလာကြတယ်...သူတစ်ပါးရဲ့အမှားကကိုယ့်အမှန်ဖြစ်နေသလိုပဲ ကိုယ့်ရဲ့အမှားကလည်းသူ့အတွက်မှန်ကန်တဲ့ရွေးချယ်မှုပါရှောင်ဝါး"