တစ်လမ်းလုံးမာနငြိမ်ကုတ်ပြီးပါလာတယ်။ကြောက်နေတာဆိုရင်မှန်မှာပေါ့ သူ့ဘေးကယောက်ဖလေးရဲ့မျက်နှာကဘီလူးဆိုင်းတီးနေပြီကို..
"ဘာကြည့်တာလဲ"
"ဟင့်အင်း..မကြည့်ဘူး"
"အခုကြည့်"
"အမ်.."
"ကြည့်လို့ပြောနေတယ်"
"အွန်း.."
လပြည့်သူ့ရှေ့ကလူကြီးကိုမျက်နှာချင်းဆိုင်ဆွဲလှည့်ပစ်လိုက်ပြီး..
"မင်းကငါတို့အိမ်ရဲ့ကျွန် ငါတို့ခိုင်းတာပဲလုပ်ရမှာ အပြင်ကလူတွေရဲ့စောက်ကိစ္စလုပ်နေစရာဘာစောက်ကြောင်းမှမရှိဘူး သဘောပေါက်လား"
ပန်းကန်ဆေးတဲ့အမှုကိုပြန်တွေးရင်သူအရမ်းဒေါသထွက်ရတယ်။ဆူလည်းမျက်လုံးပြူးကြီးနဲ့ကြည့်နေတာပဲ ဆူတဲ့လူသာမောသွားပါရောလား..
"ဟယ်..မင်းမာန"
"ဗျာ..အော်..ဒေါ်ကြီးပု"
ဒေါ်ကြီးပုဆိုတာသူဈေးရောင်းခဲ့တဲ့နေရာကမုန့်ဟင်းခါးသည်အဒေါ်ကြီး...ထိုမိန်းမကြီးရဲ့မျက်နှာကခတ်ထန်လွန်းနေရဲ့..တစ်စုံတစ်ခုကိုသတိရသွားတဲ့မာနတစ်ယောက်ပြာပြာသလဲလဲဖြစ်သွားရတယ်။
"ဟို..ကျွန်တော်တို့သွားစရာရှိသေးလို့"
"ဟဲ့..အမလေး နင်ဘယ်ပြေးမှာလဲ ဟမ် ဘယ်မှာလဲငါ့ပိုက်ဆံတွေ..ချေးတုန်းကချေးပြီးအတိုးမပေးတဲ့အပြင်အရင်းတောင်မကျေသေးဘူးတဲ့ အံ့သြဘ"
မျက်နှာထိမျက်နှာထားနဲ့ပြောနေသည့်အဒေါ်ကြီးအားလပြည့်စိုက်ကြည့်နေမိသည်။မာနကိုပြန်ကြည့်တော့ခေါင်းကြီးငုံ့ပြီးအာစေးမိနေပြန်၏။
'Fuck. .ဘယ်လောက်တောင်ချေးထားခဲ့တာလဲ ဘောပဲကွာ'
"ဟဲ့ ငါနင့်ကိုမေးနေတယ်လေ ငါ့ပိုက်ဆံပြန်ဆပ်မှာလားမဆပ်ဘူးလား"
"ကျွန်တော်အလုပ်မရှိသေးလို့ပါ ဝင်ငွေရတာနဲ့.."
"ဝင်ငွေ..ငါမစောင့်နိုင်ဘူး နင်သူဌေးတစ်ယောက်အိမ်မှာကျွန်ခံနေတယ်ဆို..ဘယ်မလဲအဲ့ဒီ့ကရတဲ့ပိုက်ဆံ"
