အဆုံးမဲ့ပင်လယ်ပြင်မှာမုတ်သုံလေကပြင်းထန်နေခဲ့သည်။တဝေါဝေါတိုက်ခက်လာသည့်လေကြမ်းတို့ကတုန်ရီနေတဲ့ခန္ဓာကိုယ်ကိုလှောင်ပြောင်နေသကဲ့သို့..
"ပစ်ချလိုက်တော့"
"Sir. ..တောင်းပန်ပါတယ် အင့် "
မည်းနက်နေသောအသားအရေနှင့်တောင့်တင်းသောခန္ဓာကိုယ်ရှိသူမှာ ဗလကြီးမှအားမနာငိုယိုတောင်းပန်နေခဲ့၏။
"တောင်းပန်စရာမလိုပါဘူးဒီရို..အရင်ကငါတို့မင်းကိုလိုအပ်လို့အနားခေါ်ထားပြီးပြီပဲ အခုကမလိုအပ်တော့ဘူးလို့ငါတို့ယူဆတယ် ဒါ့ကြောင့် မင်းကိုလွတ်မြောက်ခွင့်ပေးတော့မလို့လေ"
"တောင်းပန်ပါတယ်sir. .ကျွန်တော်မသေချင်သေးဘူး ကျေးဇူးပြုပြီး..အင့်ဟင့်.."
ကျွန်တော်ဒီရိုပါ လူမည်းတစ်ဦးဖြစ်တဲ့ကျွန်တော့်ကိုလူဖြူတစ်စုကကျွန်တော်နေထိုင်ရာရွာလေးကနေအတင်းသိမ်းပိုက်ပြီးခေါ်လာတယ်...သူတို့နဲ့အတူဒီသင်္ဘောကြီးနဲ့ကျွန်တော်ရွက်လွှင့်ခဲ့ရတယ်။ရက်ပေါင်းသုံးဆယ်လောက်ကြားသွားတယ်ပြောရမှာပေါ့..ကျွန်တော်သူတို့နဲ့ပဲအတူရှိနေခဲ့တာ။ဘာဆက်ဖြစ်လဲဆိုတော့ သင်္ဘောပေါ်စရောက်ကတည်းကရှိရှိသမျှသင်္ဘောသားတွေကိုဖျော်ဖြေပေးရတယ်။ထင်သလောက်မရိုးရှင်းပါဘူး။ဘဝတစ်ခုလုံးပေးပြီးဖျော်ဖြေခဲ့ရတာလေ....အခုသူတို့တွေမြို့တော်ဆီပြန်တော့မယ် ဒီတော့အသုံးမလိုတဲ့ပစ္စည်းတွေကိုစွန့်ပစ်ခဲ့ကြမှာပေါ့ အဲ့ဒီ့ပစ္စည်းတွေထဲမှာကျွန်တော်ပါနေတာကတော့ဝမ်းနည်းစရာပဲ။လူဖြူတွေက25ယောက်လောက်ရှိမယ်..အခုဆိုရင်ကျွန်တော့်ဖင်တစ်ခုလုံးလည်းစုတ်ပျက်နေခဲ့ပြီ။နေ့တိုင်းအရိုက်ခံရလို့ခြေထောက်တွေကရေကိုဆန်တက်နိုင်မှာမဟုတ်တော့ဘူး..
"ပစ်ချလိုက်တော့"
"မဟုတ်ဘူး sir. .တောင်းပန်ပါတယ် ကျွန်တော်ပြုစုပေးပါ့မယ် စိတ်ကျေနပ်အောင်အထိ..sir. .အသက်ရှင်ခွင့်ပေးပါ..sir. ."
!ဝုန်းးးးဗွမ်းးး!
ကျွန်တော်ရေကူးတက်တယ် ဒါပေမယ့်အခုအခြေအနေက... ခြေထောက်တွေကသေလောက်အောင်နာနေတဲ့အပြင်လက်တွေကိုလည်းနောက်ပြန်တုပ်နှောင်ထားခဲ့တာလေ ပင်လယ်ပြင်ရဲ့အေးစက်မှုကိုခန္ဓာကိုယ်ကလက်မခံနိုင်ဘူး...