Unormal relationship(Part-2)(Uni+Zg)

2.5K 47 8
                                    

အဖွားဆီသွားမယ်ဆိုပြီးခေါ်လာတာကဆင်းရဲသားရပ်ကွက်ငယ်လေး..အိမ်လို့တောင်မဆိုအပ်တဲ့တဲစုလေးတွေကတစ်အိမ်နဲ့တစ်အိမ်ထပ်နေခဲ့ပြီးလမ်းကျဥ်းလေးပေါ်မှာလည်းကလေးတွေဟိုတစ်စုသည်တစ်စုပြေးလွှားဆော့နေလေရဲ့..ရေမြောင်းတွေကအမှိုက်ကန်လို့ဖြစ်နေပြီးသက်ကြီးရွယ်အိုတွေအတွက်တော့ကျန်းမာရေးအတွက်လုံးလုံးအဆင်မပြေနိုင်ပေ..

နက်ပြောင်နေတဲ့ကားအကောင်းစားကြီးလမ်းလေးထဲတိုးဝင်လာတာနဲ့အညီလူကြီးလူငယ်ကလေးကအစခွေးအဆုံးပြူးတူးပြဲတဲဝိုင်းကြည့်ကြလေရဲ့..သွပ်ပြာလေးတွေဖြစ်သလိုကာထားတဲ့တဲဓနိမိုးအိမ်လေးရှေ့အရောက်ကားကထိုးရပ်သွားတယ်။

"ဒီအိမ်လား"

"အဖွား..."

ထင်သည့်အတိုင်းသူမအမေးကိုအရေးတယူမဖြေပေ..ဒါကိုပဲချစ်မိနေတော့လည်းပြုံးလိုက်မိရုံကလွဲဘာရှိမှာလဲ..

"သားငယ်.."

အိမ်ထဲကနေအဖွားအိုတစ်ယောက်ဖင်တရွတ်ဆွဲထွက်လာခဲ့ပြီးဘုန်းခန့်ကိုလှမ်းဖက်တယ်။

"အဖွားဘယ်လိုနေလဲ ဆေးရောသောက်ရဲ့လား"

"သောက်တယ်..ခေါင်းနည်းနည်းထိုးနေတယ်"

မော၍လားမသိစကားများများမပြောနိုင်ပဲလိုရင်းကိုသာအဖွားကပြောရှာသည်။သူမရပ်ကြည့်နေတာမြင်တော့လှမ်းခေါ်ပါသေးတယ်။

"သမီးကဘယ်သူတုန်း"

"ဘုန်းခန့်သူငယ်ချင်းပါအဖွား ဆုကလျာသွဲ့လို့ခေါ်ပါတယ် ဆုသွဲ့လို့ပဲခေါ်လည်းရပါတယ်အဖွား"

"ဆုသွဲ့..အေး..ဆုသွဲ့..ဒီနာမည်ကြားဖူးတယ်"

နိမ့်ချည်မြင့်ချည်ရင်အစုံနဲ့မောဟိုက်လျက်ပင်ပြောနေသည်ကြောင့်နောက်နေတာမျိုးတော့မဖြစ်နိုင်ပေ..သူမနာမည်ကိုအဖွားကရင်းနှီးနေခဲ့သည်လား..ဘုန်းခန့်ကိုကြည့်မိတော့မလုံမလဲလေးဖြစ်နေခဲ့ပြီးသူမကိုမကြည်ကြည့်နှင့်ကြည့်နေဆဲ..

"ဘာလဲ"

"ဟင်း..အဖွား..ဆေးမသောက်ခင်အစာလေးစားရမယ် သားကြေးအိုးဝယ်လာတယ် အကုန်သောက်နော်"

Anime One Short (BDSM)Where stories live. Discover now