ဒီနေ့အိမ်ကိုမိသားစုဝင်အသစ်တစ်ယောက်တိုးမယ် အရင်ကတော့အဲ့ဒီ့လူကဧည့်သည်ပေါ့ အခုတော့..ကျုပ်မဟုတ်တဲ့ကျုပ်အမရဲ့လင်ယောက်ျားအဖြစ်နဲ့အိမ်ပေါ်တက်လာပြီ..
"ဟဲ့ ယောက်ဖကိုစိုက်ကြည့်ပြီးဘာလုပ်နေတာလဲ "
မလှမ်းမကမ်းကနေအမေအော်နေတာကိုကြားတယ် ဒါပေမယ့်ကျုပ်အကြည့်မလွှဲဘူး အဲ့ဒီ့ယောက်ဖဆိုတဲ့လူရဲ့မျက်နှာကိုပဲစိုက်ကြည့်နေမိတာဟာနာရီပေါင်းများစွာ..တစ်အိမ်သားလုံးကျုပ်ကိုဆူဆူကြီးတွေကြည့်နေခဲ့ပေမယ့်သူကတော့ခေါင်းကြီးငုံ့ပြီးပြန်ကြည့်မလာဘူး..
"လပြည့်..နင်ငါ့ယောက်ျားကိုဘယ်လိုတွေကြည့်နေတာလဲ"
"အမေကြီးနင့်သားတော့ရူးနေပြီထင်တယ်ကွာ"
"ဟုတ်ပ ဟဲ့..ဖယ်ပေးလိုက်လေ အမတို့လင်မယားမင်္ဂလာပွဲမှာပင်ပန်းလာရောပေါ့"
ဟုတ်တော့လည်းဟုတ်ပါရဲ့ ကျုပ်ကသူတို့ဝင်မရအောင်အိမ်ပေါက်ဝပိတ်ထိုင်ထားတာ..
ဘာတစ်လုံးမှမပြောပဲခေါင်းကြီးငုံ့ထားတဲ့လူရဲ့ရှေ့ကျုပ်သွားရပ်လိုက်တယ်။"ဂုဏ်ယူပါတယ် ခင်ဗျားလုပ်နိုင်ခဲ့ပြီ"
"ဟင်..ဘာ..ဘာကိုပြောတာလဲယောက်ဖ"
အယောင်ယောင်အမှားမှားနဲ့သူ့မျက်နှာကကျုပ်ကိုမော့ကြည့်လာတော့ သတိထားမိတာကတော်တော်လေးမှိုင်တွေနေတာပဲ..
"ကျုပ်ပြောပြနေရအုံးမှာလား ဟား...အခုဆိုရင်အခြေမဲ့အနေမဲ့ဘဝကနေသူဌေးသမီးကိုယူပြီးဇိမ်ရှိရှိထိုင်စားနေရတော့မှာလေ..ဟမ် မပျော်ဘူးလား နည်းနည်းတော့စိတ်ချမ်းသာတယ်လုပ်လိုက်"
"မင်း..မင်းတွေးတာမှားနေပြီ"
"မေမေ မေမေ့သားကိုမပြောတော့ဘူးလား ကိူကို့ကိုဘာတွေပြောနေလဲမသိဘူး သမီးတို့နားချင်နေပြီ"
ယောက်ျားနဲ့ပတ်သက်ရင်ကဲကဲဆက်လွန်းတဲ့အမဖြစ်သူလမင်းငယ်ကိုသူစူးစူးရဲရဲစိုက်ကြည့်ပေးလိုက်တယ်
"မေမေဝင်ပြောစရာမလိုပါဘူး ငါလည်းငါ့အခန်းထဲငါဝင်မှာ ကျက်သရေမရှိတဲ့စောက်ခွက်တွေမမြင်ချင်လို့ ဟက် "