သူနှင့်သူ၏ချာတိတ်လေးများ(Final)(Uni+Zg)

1.4K 37 0
                                    

အေးစိမ့်စိမ့်ရာသီဥတုကြောင့်ခန္တာကိုယ်သုံးခုဟာပူးကပ်သွားရတယ်။ခန္တာကိုယ်ကိုပုဇွန်ကွေးလေးကွေးသလိုကျုံ့ချထားတဲ့မာန်ကမျက်ခမ်းစပ်လေးတွေမို့အစ်လို့ပါးလေးတွေရဲနေဆဲ..

"အင်းးးး"

"အာ့.."

ရင်ခွင်ထဲဝင်အိပ်နေတဲ့အငယ့်ရဲ့အကြောဆန့်မှုမှာမာန့်မျက်နှာလေးရှုံ့မဲ့သွားရတယ်။အခုချိန်သူ့ကိုယ်ပေါ်ကဘယ်အစိပ်အပိုင်ကိုမဆိုအထိမခံနိုင်ဘူးရယ်..

"ဝါးးးးကိုကို..."

"ရှူးး"

သူတို့နှစ်ယောက်ဆီပြုံးပြုံကြီးအုပ်မိုးကြည့်နေတဲ့လူကြောင့်အငယ်ခေါ်လိုက်မိပေမယ့် နှုတ်ခမ်းပေါ်လက်ငြှိုးတင်ရင်းတိတ်တိတ်နေဖို့အမိန့်ပေးတယ်။ကြည့်ရတာ မာန်နိုးလာမှာစိုးရိမ်နေပုံပါပဲ

"မင်းကိုကိုလေးပင်ပန်းနေရှာတာ အသံကျယ်ကျယ်မပြောနဲ့ ကြားလား"

ပါးလေးကိုဆွဲရင်းနားဝင်အောင်ပြောလေတော့အချော့ကြိုက်လေးမှာဖြီးခနဲရီပြလို့ခေါင်းတစ်ဆက်ဆက်ငြိမ့်လေ၏။

"ကိုကိုအိပ်မောကျသွားတာ မင်းတို့တွေဘယ်လိုဘယ်ပုံလာအိပ်နေကြတယ်တောင်မသိလိုက်ဘူး"

"ဟီးးး အိပ်တာကမကြာသေးပါဘူး အငယ်ကိုကိုလေးကိုမတရားတွေညှင်းပန်းလိုက်တာ တစ်ချီတောင်မကဘူး အဲ့ဒါကြောင့်နုံးပြီးခွေသွားတာနေမှာ"

"ဟော မပြောရင်မပြောသလိုပဲ"

"ကိုကိုကလည်း အငယ်လည်းထိန်းချုပ်လို့မရတော့လို့ပါ ကိုကိုလေးကလည်းအရမ်းမိုက်နေတော့.."

"ကျေနပ်တဲ့အထိလုပ်လိုက်တယ်ပေါ့"

"ဟုတ်..ဟုတ်တယ်.. "

မျက်နှာငယ်နဲ့ကောင်လေးကလုပ်ချင်တာလုပ်ပြီးရင်စိတ်မကောင်းဖြစ်နေတတ်သေးတာ..အခုလည်းမာန့်မျက်နှာလေးကိုအသာတို့ထိရင်းမျက်ရည်တွေဝဲနေလေရဲ့..

"ရန်တော့မဖြစ်ကြဘူးထင်တယ်"

"ဟင့်အင်း ပါးစပ်ကပွစိပွစိပြောပေမယ့် အငယ်လုပ်သမျှသူလည်းသဘောကျနေတာပဲဟာ "

Anime One Short (BDSM)Where stories live. Discover now