"ခေါင်းဆောင်...ကျွန်တော်တို့ဖမ်းမိထားပြီ....ဟျောင့်တွေ သူ့ကိုသံကြိုးခတ်ထားလိုက်"
မိုးသံလေသံတို့မသဲကွဲသည့်ညအမှောင်တွင်သွေးသံတရဲရဲနှင့်လူမှာလက်နှစ်ဖက်ကိုသံကြိုးနှင့်ချုပ်နှောင်ခံထားရပြီးခေါင်းငိုက်စိုက်ကျကာတွဲလောင်းဆွဲခံထားရလျက်ရှိသည်။
"ဟေ့..အခုမော့စမ်း ငါတို့ခေါင်းဆောင်မင်းကိုတမလွန်ပို့ပေးဖို့ရောက်လာပြီ"
"ရပ်လိုက် ခေါင်းဆောင်ရောက်လာပြီ"
ထိုစကားကြောင့်ဂိုဒေါင်ကြီးထဲမှာအသံတွေတိတ်ဆိတ်သွားရပြီးရှိနေတဲ့လူကုန်ဟာလူသွားလမ်းတစ်လမ်းစာမျှသာချန်ကာလက်နှစ်ဖက်နောက်ပစ်လို့ခေါင်းငုံ့ကာတစ်ဖက်ဆီခြံရံနေလိုက်ကြတယ်။အပြင်ဘက်မှာတော့မိုးသံလေသံတွေကဆူညံနေခဲ့ပြီ။
"Virus. ..."
အပေါ်အောက် အနီရောင်တွေသာဝတ်ဆင်ထားတဲ့လူကခပ်သြသြအသံကိုသံရှည်ထပ်ဆွဲကာမေ့မျောနေဟန်ရှိသောလူအားခေါ်လိုက်သည်။တုံ့ပြန်မှုရှိမလာတော့မျက်မှောင်ကျုံ့သွားခဲ့ပြီး..ချုပ်နှောင်ခံထားရတဲ့လူရဲ့မေးကိုလက်နဲ့ဆွဲညှစ်ကာမော့စေလိုက်တယ်။
"ပျော့ညံ့လှချည်လား နာမည်က Virus ဆိုလို့ကြောက်စရာလေးထင်ခဲ့တာ..အခုတော့..ငါတောင်မထိရသေးပါပဲ ငါ့ကောင်တွေလက်ချက်နဲ့တင်ခေါင်းငိုက်စိုက်ကျနေရတယ်လို့"
ခြောက်ကပ်အက်ကွဲနေတဲ့နှုတ်ခမ်းတွေမှာသွေးတွေပေကြံနေခဲ့ပြီးတလှုပ်လှုပ်ဖြင့်တစ်စုံတစ်ရာကိုပြောချင်ဟန်ရှိသည်။
!ဖောင်းးး!
"အွတ်.."
ဗိုက်ကိုတစ်ချက်မျှပစ်ကန်လိုက်သည်ကြောင့် Virusဆိုသည့်လူမှာလှုပ်ခါသွားရပြီးပါးစပ်ထဲမှလည်းသွေးတွေအန်ထွက်လာခဲ့တယ်။
"ဟူးးး မင်းနိုးလာပြီလား"
မပွင့်တပွင့်မျက်ဝန်းညိုညိုတွေကမဲ့ပြုံးတွေနဲ့လူကိုစိုက်ကြည့်လာခဲ့ပြီးတိတ်ဆိတ်နေသေးသည်။
"ပြောလေ..မင်းချစ်လှပါချည်ရဲ့ကြိုက်လှပါချည်ရဲ့ဆိုတဲ့လူကမင်းရှေ့ရောက်နေပြီVirus ပြောပါ..ပြော..ငါနားထောင်ပေးပါ့မယ် ဘာလို့ဆို ချစ်ကြောင်းကြိုက်ကြောင်းတွေပြောပြီးတာနဲ့ဒီလောကထဲကနေမင်းမရှုမလှထွက်သွားရတော့မှာလေ.."
![](https://img.wattpad.com/cover/324208923-288-k647945.jpg)