ကိုကို့ရဲ့မြေခွေးပေါက်(Part-1)(Uni+Zg)

4.9K 77 2
                                    

နစ်ကီဒီနေ့မပျော်ဘူး စောစောစီးစီးကြားရတဲ့သီတင်းကသူညီလေးရတော့မှာတဲ့လေ ညီလေးမလိုချင်တာမဟုတ်ပေမယ့် သူစိမ်းတစ်ယောက်ကိုတော့သူသွေးသားလောက်ချစ်မပေးနိုင်ဘူး။အသက်ဆယ့်ငါးနှစ်မျှရှိနေပြီဖြစ်တဲ့သူ့မှာအေးစက်လွန်းတဲ့မျက်ဝန်းတွေရှိတယ်။ပြေပြစ်တဲ့ခန္ဓာကိုယ်နဲ့လှပတဲ့ဆံနွယ်ရှည်တွေ လူတိုင်းရဲ့ချီးကျူးခြင်းကိုခံနေရတဲ့ကောင်လေးတစ်ယောက် စာလည်းတော်ပြီးထက်လည်းထက်မြတ်တယ်။

"သား ဒီမှာသားညီလေးကိုထွက်ကြိုပါအုံး"

မိခင်ဖြစ်သူရဲ့စကားကိုအလေးမထားဘဲဖုန်းကိုသာဆက်နှိပ်နေမိသည်။

"သား ညီလေးကိုလာကြိုပါဆိုနေ ဖုန်းကိုလက်ကမချဘူးပေါ့ ဟုတ်လား"

မာမီကသူ့ဖုန်းကိုဆက်ခနဲဆွဲယူပြီးပိတ်ချလိုက်တယ်။အနောက်ကဝင်လာတဲ့ဖခင်ဖြစ်သူကိုလည်းတွဲလျက်တွေ့လိုက်ရပြီးမျက်လုံးပြာပြာလေးတွေနဲ့ဆယ်နှစ်သားအရွယ်ကလေးငယ်လေးကိုပါတွေ့လိုက်ရပါသည်။မြင်မြင်ချင်းနစ်ကီနှာခေါင်းရှုံ့လိုက်တယ်။

"ကြိုဆိုပါတယ် မင်းအတွက်ငါ့ရဲ့ငရဲခန်းကနေ"

ဒီစကားကြောင့်ပဲကောင်လေးကမျက်နှာလေးမဲ့သွားတယ်။ပုံစံလေးကကတုံးဆံပင်ပေါက်လေးနဲ့အသားကတော့ဖြူဖွေးဥနေပြီးမျက်တောင်ရှည်ရှည်လေးတွေကအဖြူရောင်လေးများဖြစ်သည်။ထိုကတုံးဆံပင်လေးများမှာတော့ပန်းရောင်လေးတွေဖြစ်ပြီးဆံပင်အုံထူလွန်းသဘ်ထင်ရ၏။

"သား ညီလေးကိုဘယ်လိုပြောလိုက်တာလဲ"

"စလိုက်တာပါ "

စိတ်ထဲမှာတော့ထိုကောင်လေးကိုသူအကြိမ်ကြိမ်ထိုးနှပ်ပြီးနေပြီ..

"ကိုကို့နာမည်ကနစ်ကီတဲ့သား မှတ်ထားရမယ်နော်"

"ဟုတ်ကဲ့မား"

ကောင်လေးကမော့မကြည့်ပဲဖြေလာတယ်။

"အင်း သား ညီလေးရဲ့နာမည်က အိုလီတဲ့...အခုကစပြီးသားနဲ့အိုလီကညီအကိုတွေဖြစ်သွားကြပြီနော် ညီလေးကိုစောင့်ရှောက်ရမယ်နော် ကြားလားသား"

"အွန်း"

အွန်းဟုသာဖြေဆိုလိုက်သော်ငြားထိုကောင်လေးဆီကိုတော့စူးရဲရဲအကြည့်များသာစေလွှတ်မိသည်။

Anime One Short (BDSM)Donde viven las historias. Descúbrelo ahora