"ဘာတွေစဥ်းစားနေလဲဂျစ်တူး"
ဆင်ရုပ်လေးဖက်လို့ကားပြတင်းကတစ်ဆင့်အဝေးကိုငေးကြည်ေနတဲ့ကောင်လေးကြောင့်သူမမနေနိုင်မထိုင်နိုင်မေးလိုက်မိခြင်း..
"မေယမင်းကဘာလို့ရှိုင်းကိုနှိပ်စက်တာလဲ"
"အာ..အဲ့ဒါကိုတွေးနေတာလား"
"အွန်း..ဘယ်လိုပဲဖြစ်ဖြစ် ရှိုင်းကိုသနားမိတယ် ဒီကောင်အရင်ကဒီလိုအချိုးမဟုတ်ဘူး အရမ်းပွေရှုပ်တာ မေယမင်းနဲ့တွေ့မှအခုလိုခြေငြိမ်ပြီးအနွံတာခံတာ"
"ဟင်းဟင်း ကိုယ့်လိုပဲနေမှာပေါ့"
"ဘာသဘောကိုပြောတာလဲ"
"ကိုယ့်လိုပဲ ရှိုင်းဆက်မိုးလည်းအချစ်ကိုတွေ့သွားလို့နေမှာပေါ့..ကိုယ့်လိုပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကဂျစ်တူးကိုချစ်မိမှပဲပျော့ညံ့နေရတာလေ"
"အာ...ဒီမိန်းမကြီးတော့"
အညိုတုန်းလေးရဲ့ပါးမို့လေးတွေနီရဲတက်သွားတာကိုမြင်ပြီးဆုသွဲ့သဘောတွေကျနေမိပါရဲ့..လက်ကလေးကိုဖိကိုင်လိုက်တဲ့အချိန်ယောက်ျားလေးသဘာဝအရတစ်ဖက်လူရဲ့လက်တွေကသူမလက်တွေထက်ပိုကြီးလာခဲ့ပြီ..
"အကောင်လေးထွားလာပြီပဲ.."
"သွဲ့ရဲ့အချစ်တွေကြောင့်ဖြစ်မှာ"
"အယ်..ဘာကြီးဘာကြီး ပြန်ပြောကြည့်စမ်း"
စိတ်ထဲရှိရာပြောပြီးကာမှမျက်နှာမပြရဲလောက်အောင်ကိုဘုန်းခန့်ရှက်နေမိပြန်တယ်။သွဲ့ကတော့သွားကြီးဖြီးလို့ဖွက်ထားသည့်မျက်နှာလေးအားလိုက်လံဖော်ထုတ်ကာ..
"ပြန်ပြောစမ်းပါအုံးလို့ဂျစ်တူးရဲ့"
"မသိဘူးကွာ..ဒီအတိုင်းပြောလိုက်တာကို"
"အံမယ်..ဘာမသိတာလဲ သွဲ့ရဲ့အချစ်တွေကြောင့်လို့ပြောလိုက်တာလေနော် ပြန်ပြော..ပြန်ပြောပေးစမ်းပါကလေးလေးရယ်..နားထောင်လို့မဝလို့ပါ"
ကားမောင်းနေရင်းကဂျီတိုက်နေသည်ကြောင့်တစ်ခုခုဖြစ်မည်ကိုလည်းစိုးရသည်။
"ကလေးလေး.."
!တီ..တီ!
"အားးး "