"Chifuyu!!. .."
သံရှည်ဆွဲကာဝင်လာတဲ့လူရဲ့အသံကအိမ်ခန်းထဲမီးပူတိုက်နေတဲ့ကောင်လေးရဲ့စိတ်ကိုတုန်လှုပ်သွားစေတယ်။
"အိုးးးး အလုပ်တွေလုပ်နေတာပါလား..."
"အင့်..Baji San. ..အပူကပ်မိမယ်"
အမြင်အာရုံတွေမရှိတော့ပေမယ့်.သူ့ကိုအတင်းအကျပ်ဖက်တွယ်ထားတဲ့လူကြီးမူးလာပြီဆိုတာသူသိတယ်..အနံ့ပြင်းပြင်းတွေကိုဆက်တိုက်ရနေခဲ့ပြီး ပွတ်သပ်နမ်းရှုံ့လာတော့ခေါင်းတွေပင်မူးနောက်လာသယောင်..
"Chifuyu. ."
"ဗျာ"
"ကိုယ်လေ...ရင်တွေကွဲလို့သေတော့မယ်"
"Baji sanဘာဖြစ်ခဲ့လို့လဲဟင်"
"ဟင့်...ရင်နာစရာသီတင်းတွေပေါ့...ကြားခဲ့ရတယ်"
"အဲ့သီတင်းတွေကဘာတွေလဲ..ပြောပြလေ"
ဒီအခိုက်အတန့်မှာBajiရဲ့လက်တွေကပိုပြီးတင်းကျပ်လာတာကိုတွေ့ရတယ်။
"မင်း...ငါ့နောက်ကွယ်မှာဖောက်ပြန်နေတယ်ဆို"
"ဗျာ..Ba. .Baji San. ."
"အဲ့ဒါအမှန်ပဲလား..ဟမ်"
"မဟုတ်ပါဘူး..ကျွန်..ကျွန်တော်ကBaji sanကိုပဲချစ်တာလေ..ကျန်တဲ့ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး..အဲ့..အဲ့ဒါကို..သိ..သိရဲ့သားနဲ့ဗျာ.."
မူးနေချိန်လေးနောက်သည်ကိုပင် ပေါက်စလေးဟာဝမ်းနည်းနေသတဲ့...ချစ်လွန်းလို့ဒီပုစိလေးကိုလက်ထက်ယူပြီးတည်းကအိမ်ကြီးထဲပိတ်လှောင်ထားခဲ့တာ..သူ့အမိန့်တစ်ခွန်းအောက်မှာပဲဒီကလေးကိုနေစေပြီးအမိန့်ကိုအာခံတာနဲ့အပြစ်ပေးလေ့ရှိတယ်...ကလေးတစ်ကိုယ်လုံးကိုရိုက်ရတာသူသဘောကျတယ်လေ...နှုတ်ခမ်းတွေနဲ့ပေါ့..
"ရွှတ်..မွှေးနေတာပဲ.."
"ဟုတ်..ကျွန်တော်ရေချိုးထားတာ"
မျက်မမြင်လေးဆိုတော့သူလှောင်ရီနေလည်းပြူးပြူးလေးသာထိုင်ကြည့်နေလေ့ရှိတယ်..
"ခုနကကိစ္စက..သေချာတယ်နော်"
"ကျွန်တော့်ကိုမယုံဘူးလားဟင်..ကျွန်တော်မဖောက်ပြန်ရဲပါဘူး"