မြူတွေထူထပ်နေတဲ့မနက်ခင်းတစ်ခုမှာဝမ်အိမ်တော်ရဲ့ဝရံတာမှာလူရိပ်တစ်ခုကိုတွေ့နေရတယ်။အဲ့ဒါကခပ်တောင့်တောင့်ရပ်နေခဲ့တာဖြစ်ပြီးဖုန်းပြောနေသယောင်ရှိတယ်။ရုတ်တရပ်အဲ့ဒီ့အရိပ်ရဲ့အနောက်ကနေနောက်ထပ်အရိပ်တစ်ခုထပ်ပေါ်လာခဲ့ပြီးအရှေ့ကအရိပ်ကိုဖတ်တွယ်လိုက်ပြီး
"အင့်.."
"ဒီလောက်အေးတာ ဘာလုပ်နေတာလဲ"
"အင်း သဘောကျလို့"
"ဘာ.."
နားမလည်ဟန်ရှိတဲ့လူကိုသူတစ်ချက်မျှစိုက်ကြည့်လိုက်ပြီး
"အခုလိုမြူတွေဆိုင်းနေတာကိုသဘောကျတယ် အေးစိမ့်နေတဲ့ခံစားချက်ကိုလည်းသဘောကျတယ် ဒါ့ကြောင့်အအေးလာခံနေတာ"
"အာ..ဒါဖြင့်ရေခဲကန်ထဲတစ်ညလုံးထည့်ပြီးအပြစ်ပေးရင်လည်းသဘောကျမယ်ပေါ့"
အမူအယာမပျက်ယွင်းပဲဆက်ကြည့်နေလိုက်တော့ရိပေါ်ကတစ်ဟားဟားအော်ရီလာတယ်
"ဟားဟား အူကြောင်ကြောင်နဲ့"
"မင်းလုပ်ချင်ရင်လုပ်လေ ငါက...မင်းခေါ်လာတဲ့မင်းရဲ့ကျွန်ပဲမဟုတ်ဘူးလား ဘာလို့ကျွန်တစ်ယောက်ကိုတိုင်ပင်ချင်ရတာလဲ အချိန်တန်ရင် မင်းလုပ်ချင်ရာပဲမင်းလုပ်ခဲ့တာမဟုတ်လား "
"ဟက် ဒါပေါ့ ကျုပ်ကကျုပ်လုပ်ချင်ရာလုပ်ခဲ့တာချည်းပဲ အဲ့ဒီ့ထဲမှာခင်ဗျားလည်းပါတယ် ခင်ဗျားကိုယ်တိုင်ကလည်းကျုပ်လုပ်လျင်လို့လုပ်ခဲ့တဲ့အရာပဲလေ ဟားဟား"
"မိုးလင်းကမိုးချုပ်ညစ်ညမ်းတာတွေပဲတွေးနေတတ်တဲ့မင်းဦးနှောက်ကတစ်ခြားကိစ္စတွေအတွက်အသုံးမချတော့ဘူးလား"
"ဟင့်အင်း ကျုပ်ဦးနှောက်ကခင်ဗျားကိုဘယ်လိုလိုးပစ်ရမလဲဆိုတာပဲတွေးနိုင်တယ်"
"စိတ်ပျက်ဖို့ကောင်းတယ်"
အခုတလောရှောင်ကျန့်ကသူ့အပေါ်လိုက်လျောလွန်းနေတယ်လို့ရိပေါ်တွေးတယ် ညတိုင်းသူ့ဆ္နဒကိုလိုလိုလားလားဖြည့်ပေးတတ်ပြီး ဆက်ဆံနေချိန်တိုင်းနှုတ်ခမ်းတွေကိုပါဖိကပ်နမ်းတတ်လာတယ်..