ပေါင်ရင်းလောက်ထိတိုကပ်နေတဲ့စကပ်အတိုပန်းနုရောင်လေးကိုဝတ်ထားတဲ့ကောင်လေးတစ်ယောက် အပေါ်ပိုင်းကခါးလွတ်အင်္ကျီလေးနှင့်ဆံနွယ်ပန်းရောင်လေးများကိုလည်းနှစ်ဖက်ခွဲစည်းထားခဲ့သည်။
"အိုလီ "
"ဟုတ်ကဲ့ လာပြီဆရာ"
"အဆင်သင့်ပဲလား"
"ဟုတ်"
သွားအဖြီးသားလေးနဲ့အမြဲတမ်းတက်ကြွနေတက်တဲ့ကောင်လေးကမပြုံးတဲ့နေ့မရှိသလောက်ပါပဲ။ဒီနေ့ကသူတက်နေတဲ့uniရဲ့showပွဲရှိနေတာကြောင့်သူကိုင်တိုင်ပင်ပါဝင်ကာ K-pop songတစ်ပုဒ်ဖြစ်တဲ့Twiceရဲ့TTသီချင်းလေးကိုကဖို့ရွေးထားတယ်။သူနဲ့အတူအတန်းဖော်ကောင်လေးရှစ်ယောက်လည်းပါသေးတယ်။အကုန်လုံးကယောက်ျားလေးတွေဖြစ်ပြီးအကောင်သေးသေးချစ်စရာလေးတွေချည်းပါပဲ..အရပ်အနည်းငယ်ရှည်လာတဲ့သူကတော့ထင်းထွက်နေတော့မှာ....မိန်းကလေးလိုဝတ်စားထားရတော့ဟာသတစ်ခုလိုသက်မှတ်ကြပေမယ့်သူကတော့အနုပညာဟာအနုပညာပဲမို့သဘောကျနေမိသည်။
"ဆက်လက်ပြီး..ပထမနှစ်ကျောင်းသားလေးများမှတေးသီချင်းအလှအပများနှင့်ဖျော်ဖြေမည်ဖြစ်ပါသည်"
အတန်းပိုင်ဆရာရဲ့ပြောစကားအဆုံးမှာအိုလီအပါအဝင်ကောင်လေးကိုးယောက်ကချစ်စဖွယ်လေးလျှောက်လှမ်းလာတယ်။ရုတ်တရပ်အိုလီ့တစ်ကိုယ်လုံးရေခဲရိုက်ခံလိုက်ရသလိုပဲ..သူ့ရှေ့မှာငုတ်တုတ်ကြီးလာထိုင်နေတဲ့လူကြောင့်ဆိုတာပြောစရာတောင်လိုမယ်မထင်ပါဘူး..
"ကိုကို"
ခပ်တိုးတိုးသာရေရွတ်လိုက်မိပါသည်။အောက်ကလူကသူ့စကပ်လေးအောက်ကိုသာအာရုံရောက်နေခဲ့ပြီးမော့ကြည့်လာကာမဲ့ပြုံးကြီးနဲ့ဆက်ကြည့်နေတယ်။တစ်ချိန်တည်းမှာပဲအိုလီ့ပါးနှစ်ဖက်ဟာရဲတက်သွားရပါ၏။
အမှန်ဆို ဒီလိုကဖို့ကို နစ်ကီ့ဆီကသူခွင့်မတောင်းဖြစ်ခဲ့ဘူး အလျင်စလိုနဲ့လုပ်လိုက်ရတဲ့အဆုံးမှာနစ်ကီမသိပါစေနဲ့သာဆုတောင်းခဲ့ပေမယ့်အရင်ကသူနဲ့ပက်သက်တဲ့ပွဲမှန်သမျှခေါင်းခါတဲ့လူဟာဒီပွဲကျမှတက်သတဲ့ဗျာ..
"ကိုကို..သား"
"ကစမ်းပါ "
"ဟင့်"