"ဒီနေရာပဲ"
"အင်း"
အထက်တန်းလွှာတို့ရဲ့စိတ်အပန်းဖြေစရာနေရာတစ်ခုကိုပြပါဆိုရင်ဒီBarကအသင့်တော်ဆုံးပဲလို့သူမထင်တယ်။မေယမင်းသွားရာနောက်ကိုခပ်ဖြည်းဖြည်းလိုက်ဝင်လာရင်းစားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်လိုက်ကာ..
"ဘုန်းခန့်ဘယ်မှာလဲ"
"လာလိမ့်မယ် ငါခေါ်ခိုင်းထားတယ်"
"နေပါအုံး ဒီမှာသူအလုပ်လုပ်နေတယ်လို့ပဲငါသိထားခဲ့တာ ဘာအလုပ်လဲနင်မပြောပြသေးဘူး"
မေကမဲ့ပြုံးလေးပြုံးပြလာခဲ့ပြီးအဝေးတစ်နေရာကိုမျက်စပစ်ပြခဲ့တယ်။ကောင်မလေးတွေရဲ့ကြားမှာအပေါ်ပိုင်းဗလာကျင်းပြီးမျက်နှာဖုံးစွပ်လို့ကပြနေတဲ့ကောင်လေးတွေရှိတဲ့နေရာပေါ့....သူမမျက်နှာပျက်ယွင်းသွားပြီးဝုန်းခနဲမတ်တပ်ထရပ်လိုက်ကာမှတစ်ခစ်ခစ်ရီမောလာခဲ့တဲ့မေယမင်းကရူးများရူးနေခဲ့သည်လား..
"ဟက်..ငါစနေတာပါဟာ အဲ့ဒီ့လောက်ထိလည်းအဖြစ်သည်းမနေနဲ့"
". .."
"ပြန်ထိုင်နေ ဟိုမှာ လာပြီ"
အခြေအနေကိုကြည့်ပြီးဆုသွဲ့နေရာမှာပြန်ထိုင်နေလိုက်တော့အနားကိုရောက်လာတဲ့ကောင်လေးတစ်ယောက်..သူမထက်ခေါင်းတစ်လုံးပဲသာတဲ့အရပ်အမောင်းလေးနဲ့ပိန်လှီနေတဲ့ခန္တာကိုယ်လေးကိုတွေ့နေရတယ်။မျက်နှာလေးကိုမြင်ချင်ပေမယ့်ကာယကံရှင်ကမော့မလာသေးဘူး..
"ဧည့်သည်တို့ခေါ်တယ်ဆိုလို့ကျွန်တော်ရောက်လာခဲ့တာပါ ဘာများအလိုရှိသလဲခင်ဗျ ဘယ်လိုဝန်ဆောင်မှုမျိုးနဲ့မိတ်ဆက်ပေးရမလဲဗျ"
ဆုသွဲ့ရင်တွေအရမ်းခုန်နေမိပြီ..အလိုက်သိတဲ့မေယမင်းကပဲဘုန်းခန့်နားနားကိုကပ်ပြီးစကားတွေပြောတယ်။
"ဗျာ..ကျွန်တော်ကအဲ့ဒီ့အပိုင်းမဟုတ်ဘူးဗျ ကျွန်တော့်အပိုင်းက.."
ပြောရင်းသတိလက်လွတ်ပဲမော့ကြည့်လာခဲ့ပြီးမေယမင်းနဲ့အတူဆုသွဲ့ကိုပါမြင်လိုက်ရတဲ့အခါသူ့ကိုယ်လေးပိုပြီးကျုံ့ဝင်သွားသယောင်ရှိတယ်။