လိမ္မော်ရောင်နေလုံးကြီးကပင်လယ်ပြင်ရဲ့အောက်ကိုတစ်စထက်တစ်စတိုးလို့ဝင်သွားတယ်။ပတ်ဝန်းကျင်မှာမှောင်ရိပ်သန်းလာခဲ့ပြီးပိုကောင်မွှားကောင်လေးတွေရဲ့တကျီကျီအော်သံကိုလည်းအဆက်မပြတ်ပဲကြားနေခဲ့ရသည်။ပင်လယ်ပြင်ကြီးဘက်မျက်နှာမူကာဖြင့် ဒီရိုတစ်ယောက်တည်းငေးကြည့်နေမိပြန်သည်။
"တောင်းပန်ပါတယ်အမေ သားပြန်မလာနိုင်တော့ဘူးထင်တယ်"
ကျဆင်းသွားတဲ့မျက်ရည်စလေးတွေကအနားမှာရှိနေတဲ့ပိုးစုန်းကြူးလေးတွေနဲ့အပြိုင်တလက်လက်တောက်ပလို့ဖြင့်..
"ဒီရို"
"ဟင်.. အော်..လုယီ"
အစကတွေ့ခဲ့တဲ့ပုံစံမျိုးမဟုတ်ပါပဲလုယီအဝတ်အစားတွေကတောက်ပြောင်နေခဲ့၏။သူ့ကိုပြုံးပြပြီးအနောက်ကလိုက်ခဲ့ဖို့မှာပြီးပြန်လှည့်သွားတယ်။
သူ့ကိုချက်ချင်းပဲကြင်ယာတော်မြှောက်တော့မလို့လား....ကျောက်ဂူကြီးဆီပြန်လာတဲ့လမ်းတစ်လျှောက်ဘယ်ကမှန်းမသိရတဲ့အလင်းရောင်တစ်ချို့ကထိန်ထိန်သာနေခဲ့သည်။ဘေးတစ်ဖက်တစ်ချက်မှာလည်းတိရိစ္ဆာန်ပေါင်းစုံကသူ့ကိုလိုက်ကြည့်နေခဲ့တယ်။
"အကိုကြီး..သူပါလာပြီ"
အကိုကြီး..ဒါဆို အကြီးဆုံးမိစ္ဆာခြင်္သေ့ ဟန့်လျန်ကိုရည်ညွှန်းတာပေါ့..
"အင်း ရှေ့တိုးလာခဲ့"
လုယီဘေးကပ်ရပ်လိုက်တာနဲ့ ချောမောခန့်ညားလွန်းတဲ့လူတစ်ယောက်ကိုဒီရိုတွေ့လိုက်ရပါတယ်။ထိုသူမှာအညိုရောင်မျက်ဝန်းများရှိပြီးပြေပြစ်သောမျက်နှာဖွဲ့စည်းပုံလည်းရှိနေခဲ့သည်။အဝါရောင်ဝတ်ရုံရှည်ကိုကျော့ကော့နေအောင်ဝတ်ဆင်ထားရာကဒီရို့ဆီလက်ကမ်းပေးလာတယ်..
"ဒီကိုလာခဲ့"
ရုတ်တရပ်ကြီးတစ်ကိုယ်လုံးလှုပ်မရတော့ဘူး..ကျွန်တော်ကြောက်နေမိတာဆိုရင်ပိုမှန်မယ်..ဘေးကိုကြည့်မိတော့ထန်းဟွားနဲ့ကျန်တဲ့မိစ္ဆာအကိုတွေကိုပါတွေ့နေရတယ်လေ
"ဟေ့...ဟေ့.."
"ဗျာ..."
"ငါ့ကိုအာရုံမစိုက်တာလားဒီရို"