လူသူမနီးသောမြို့အပြင်တစ်နေရာ...
"မင်းထိုက်"
လယ်ကွင်းပြင်များအားဖြတ်သန်းကူးလူးလာသောလေနုအေးသည်ဖြူစွတ်စွတ်အသားအရေရှိသောလူကောင်သေးသေးလေးအားတစ်စုံတစ်ယောက်ထံတွန်းပို့နေသယောင်ရှိ၏။
"မြန်လိုက်တာ "
"မြန်မှာပေါ့ မင်းကအခုဆိုအခုပဲဟာ ငါနည်းနည်းလေးနောက်ကျရင်တောင်ငါ့ကိုခွေးပြောပြောတာ"
နှုတ်ခမ်းဆူကာပြောနေသည့်ကောင်လေးထံမြတ်မင်းထိုက်အကြည့်တို့ဒိုင်းခနဲပစ်လွှတ်လိုက်တော့တယ်။ကောင်လေးကလန့်သွားသည်ထင် ခေါင်းလေးငုံ့သွားရှာသည်။
"ငါညစ်နေတာနော်လင်းပိုင်"
ကောင်လေးနာမည်ကလင်းလင်းပိုင် မြတ်မင်းထိုက်နဲ့ဆိုရင်ငယ်သူငယ်ချင်းတွေ...ငယ်သူငယ်ချင်းဆိုတာထက်ငယ်နိုင်လေးလို့ပြောရင်ပိုမှန်နေရော့မယ်...မိဘမဲ့လေးလင်းပိုင်ကိုမြတ်မင်းထိုက်မိဘတွေကလည်းအရမ်းချစ်တယ် စာလည်းကြိုးစားပြီးကိုယ့်လမ်းကိုယ်ဖောက်နိုင်တဲ့လူဖြစ်လို့လူတိုင်းကထောက်ပံ့ပေးချင်ကြတယ်။
"ဘာလဲ မင်းကောင်မလေးနဲ့စကားများလာပြန်ပြီလား"
"ဒါပေါ့ ဒါ့အပြင်ဘာရှိအုံးမလဲ"
ကွင်းထဲမှာသူ့အသံကလေကိုဆန်ပြီးဟိန်းထွက်နေတယ်။ရပ်ထားတဲ့ဆိုင်ကယ်အမဲလေးကိုမှီရင်းခဲလုံးလေးတွေကောက်ကာအဝေးဆီတစ်လုံးပြီးတစ်လုံးပစ်ကာနေ၏။
"ကောင်မလေးကဘာပြောလိုက်လို့လဲ"
"သူ့မှာနောက်တစ်ယောက်ရှိနေပြီတဲ့"
"သစ္စာမရှိလိုက်တာ "
"အဲ့တာမင်းကြောင့်လေ"
"ဟင်"
လင်းပိုင်အံ့အားသင့်သွားတယ်။မင်းထိုက်ကောင်မလေးရသွားတဲ့အချိန်ကစလို့သူဘယ်လိုအနှောက်အယှက်မှလည်းမပေးမိပါဘူး
"မင်းမဟုတ်တာတွေလာပြောနေတာပဲ သူ့ဟာ့သူမင်းအပေါ်သစ္စာမရှိလို့နောက်တစ်ယောက်တွဲသွားတာ ငါ ငါနဲ့ဘာဆိုင်လို့လဲ"
"မင်းတစ်ကယ်ဗြောင်လိမ်နေတာပဲ ဟမ်"
"မင်းထိုက် "