အပိုင်း(9)
"ဟင့်အင်း...ရှင်ထွက်သွား..."
မမြင်ရသော်လဲ သူ ပုံအရှေ့မှာ
ရပ်နေတာဆိုတာ သူ့ကိုယ်ပေါ်က
အကောင်းစားရေမွှေးနံနှင့်အတူ
ပုံသိလိုက်သည်။အင်္ကျီလေးအားဆုပ်ကိုင်ထားပြီး
မျက်နှာလေးတင်ထားကာ
မမြင်နိုင်ပင်မဲ့လဲ သူ့ရှိမည့်ထင်ရသော
ဘက်အားမော့မော့လေးရပ်နေလိုက်သည်။မှတ်တမ်း သူ့အား ကျောပေးကါ ရပ်ကာ
နေရာလွဲနေသော သူမကြောင့် မျက်ခုံးများ
ပင့်တက်ကာကြည့်၍..."မင်းအနောက်မှာငါ အဲ့ဒီဘက်မှာမဟုတ်ဘူး..."
ပြောလဲပြော သူမကိုယ်လေးအား
လှည့်ပေးလိုက်ချိန် မျက်နှာလေးရဲကာ
သူ့ဘက်ပါလာသော ပုံ။ရှက်လွန်းသောကြောင့် နှုတ်ခမ်းလေးအား
ဖိကိုက်ထားမိကာ.."အို..ရှင်ပြောပါလား..."
"မင်း ငါဝင်လာထည်းက ပြောခွင့်ပေးလိူ့လား
မင်းပဲ ဦးအောင်ပြောနေတာမဟုတ်ဘူးလား.. ""အို ဒါပင်မဲ့ ရှင်ရှိတဲ့ နေရာကိုတော့
ပြောသင့်တယ်လေ..."လူကြတော့ လူမမာ ရန်တွေ့တာကြ
စာစာစာစာဖြစ်နေသောသူမရဲ့
သူ့ကြောင့် ရဲနေသော လည်ပင်းဖြူဖြူလေးပေါ်က ကိုက်ရာအား
မှတ်တမ်းကြည့်လိုက်၍..."မင်းအဝတ်တွေလဲလိုက်...."
"ဟင်အင်း မလဲနိုင်ဘူး..."
မှတ်တမ်း သူမအပြောကြောင့်
လက်ထဲတွင်ကိုင်ထားသော
ဆေးလိပ်နှင့်မီးခြစ်အား
စားပွဲပေါ်တင်လိုက်ကာ..."ရတယ်လေ ငါကလဲ မင်းဒီပုံစံကို
ကြည့်ရတာအဆင်ပြေတယ် ကျေးဇူးပဲ
မျက်လုံးအစာကျွေးထားတဲ့အတွက်.. ""အို...ရှင်...ရှင် အရမ်းယုတ်မာတာပဲ..."
ပုံ ပြောလဲပြော အင်္ကျီရင်ဘက်လေးကို
အတင်းဆုပ်ကိုင်ထားကာ မလုံတော့ချေ။အခုမှ ဖုံးဖိနေသောသူမကြောင့်
မှတ်တမ်း ဝင်းခနဲပေါ်လာသော
သူမရဲ့အလှတရားများကြောင့်
သက်ပြင်းချကာ...."ပြောစမ်း...မင်းကိုငါ ယုတ်မာသေးလို့လား..."
"အဟွန့်...ရှင်ယုတ်မာပြီးမှ မေးရက်တယ်နော်... "
ВЫ ЧИТАЕТЕ
ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete)
Любовные романыမှတ်တမ်းရင့်+ရွှေပုံကမ္ဘာ