အပိုင်း(16)
အိမ်ကြီးထဲ အလုပ်သမားများမှာ
သူဌေးတို့မိသားစုပြန်လာမှကြောင့်ရော
ဆေးရုံတွင်နှစ်ရှည်သတိမေ့နေသော
အိမ်ရဲ့ လူယုံ ဒေါ်နန်း သတိပြန်ရလာသော
ကြောင့် မင်္ဂလာရှိသောအချိန်လို့ ပြောရမည်
ဖြစ်သည်။သူဌေးငယ်ငယ်ကအထိန်းတော်ဖြစ်ပြီး
သူဌေးက သူမအပေါ် မိဘတစ်ယောက်လို
သဘောထားခဲ့တာဖြစ်သည်။ဆေးရုံတက်နေစဥ်တစ်လျှောက်လုံးလဲ
တကယ်တော်သော ဆရာဝန်ကြီးများအား
အနီးကပ်စောင့်ကြည့်စေကာ ကုသပေးခဲ့တာ
ဖြစ်သည်။အခု ထမ်းဆောင်နေသော အိမ်တော်ထိန်း
ကြီးမှာလဲ ဘွားနန်းခေါ် အထိန်းတော်ကြီးအား
ရိုသေလှသည်။''အမကြီး နေသာရဲ့လား...."
နှစ်အကြာ ကုတင်ပေါ် လဲကာ
သတိမေ့နေသော ဒေါ်နန်း သတိရလာပြီ
ဖြစ်သော်လဲ စကားကောင်းကောင်းတော့
မပြောနိုင်သေး။လမ်းလျှောက်နိုင်ဖို့ကလဲ အချိန်တော်ယူ
ရအုံးမည်ဖြစ်သညိ။အခုလဲ သတိရလာပြီဖြစ်သောကြောင့်
သူဌေးရဲ့ညွှန့်ကြားချက်နှင့်အတူ
အိမ်ကို ပြန်ခေါ်ခဲ့ပြီး ဆရာဝန်ကြီးများ
လာရောက်စမ်းသပ်ကုသပေးနေတာ
ဖြစ်သည်။သူအမေးကို ခေါင်းလေးငြိမ့်ပြသောကြောင့်
အိမ်တော်ထိန်းကြီးမှာ ပြုံးလိုက်၍..''သူဌေးတို့ မိသားစု ပြန်လာနေပါပြီ
လမ်းတစ်ဝက်ရောက်ပြီပြောပါတယ်...''ထိုအချိန် သူ့အား မျက်ဝန်းများဖွင့်
ကြည့်လာသော ဒေါိနန်း မျက်ဝန်းထဲတွင်လဲ
မျက်ရည်များဝဲနေလျှက်...''မိ...မိ သား...စု..."
စကားအား တစ်လုံးချင်းအားယူကာ
ပြောလာသောကြောင့် အိမ်တော်ထိန်းကြီးမှာ
ခေါင်းငြိမ့်ပြ၍..''ဟူတ်ပါတယ် မိသားစုပါ သူဌေးအိမ်ထောင်
ကျသွားပါပြီ သမီးလေးတစ်ယောက်ထပ်
ရထားပါတယ် သူဌေးအမျိုးသမီးကတော့
အိမ်ကထွက်ပြေးသွားတာ နှစ်နှစ်ရှိပြီ
အခုထိ မတွေ့သေးပါဘူး သမီးလေး
နာမည်က အချစ်ကမ္ဘာတဲ့..."
![](https://img.wattpad.com/cover/332978323-288-k772893.jpg)