အပိုင်း(15)

7.2K 226 7
                                    

အပိုင်း(15)

''သမီးဘာမှမစိုးရိမ်နဲ့လ်ိုက်သွားလိုက်ကွယ်
သမီးအခုပုံစံအတ်ိုင်းနေ ဘာမှမစိုးရိမ်နဲ့
ဟုတ်ပြီလား..."

ဆိုင်လေးတွင် ပုံ​မေမေကို လာတွေ့ချင်း
ဖြစ်သည်။အိမ်ကိုပြန်ရင်လဲ ရိပ်မိမှာ
ဆိုးသောကြောင့် အနီးဆုံးဆ်ိုင်လေးမှာ
တွေ့ကြတာဖြစ်သည်။

ရန်ကုန်လိုက်သွားရမှာ စိုးရိမ်နေသော
ပုံအား အားပေးနေသောမေမေကြောင့်
စိုးရိမ်သောစိတ်မှာအနည်းငယ်ပြေပျောက်
သွားတာအမှန်ပင်။

သမီးကိုလဲမခွဲနိုင်တာကြောင့်
ပုံခေါင်းလေးငြိမ့်လိုက်ကာ..

''ဟုတ်ကဲ့ မေမေ လိုက်သွားပါ့မယ်
သူပြောတာ တစ်ပတ်ထဲနေရမယ်ပြောတယ်
ပုံ ​နေနိုင်မှာပါ..."

ဒေါ်အင်ကြင်း ပြုံးကာခေါင်းလေး
ငြိမ့်ပြ၍ ဘေးက ခြင်းလေးအား
အရှေ့ကိုယူကာ.အထဲကရေနွေးဓာတ်ဘူး
အသေးလေးအားယူ၍...

''ရော့သမီး ဒါနို့အတွက်ကောင်းတယ်ဆ်ိုလို့.မေမေဟင်းခါးချက်လာတာ ပြန်ရောက်ရင်
လဲသောက် ဒါကအခုသောက်သွားလိုက်
ပူတုန်းလေး နှစ်ခုစလုံး နို့ထွက်အားကောင်းတယ်..."

ပုံ ခေါင်းလေးငြိမ့်၍ ယူကာ
အရှေ့က ဖန်ခွက်လေးထဲထည့်၍
သောက်လိုက်သည်။

ဒေါ်အင်ကြင်း ပုံလေးအားပြုံးကာ
ကြည့်၍..

''မနက်ဖြန် သမီးအကိုကြီးပြန်လာမယ်
ဖုန်းဆက်တိုင်း သမီးကိုပဲ မေးနေတာ...''

ထိုအခါ ပုံ ခေါင်းလေးငြိမ့်ပြကာ...

''ပုံ ကိုကြီးကို တွေ့ချင်လိုက်တာ
ပြောစရာတွေလဲအများကြီးရှိသေးတယ်..."

''သမီးပြန်လာရင် တွေ့ရမှာပေါ့ကွယ်..."

''ဒါနဲ့ မမသိမ့်နဲ့ မင်္ဂလာပွဲကရော..."

ထိုအခါ ဒေါ်အင်ကြင်း သက်ပြင်း
အသာချ၍...

''အင်း သားပြန်လာရင် စီစဥ်ဖို့တော့
ပြင်ထားပါတယ် ဒါပင်မဲ့ သမီးအကိုကြီး
အကြောင်း သိတဲ့အတိုင်းပဲ သူယူချင်တုန်းက
သိမ့်လေးက မယူဘူးလေ အခုသူမယူချင်သေး
တဲ့အချိန်မှာ လက်ခံတော့ စကားပြောရအုံးမယ်
ထင်ပါတယ် မေမေလဲ သားကို အမြန်လက်ထပ်စေချင်ပြီ သူစိတ်ချမ်းသာဖို့ပဲ
မျှော်လင့်တယ်..."

ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete) Donde viven las historias. Descúbrelo ahora