အပိုင်း(3)
"သူဌေး ဒီကျောင်းက သခင်လေးတို့လာတဲ့
ဘုန်းကြီးကျောင်းပါ..."ကားပေါ်ကနေ ရွှေရောင်ဘုန်းကြီးကျောင်း
အားကြည့်နေသော သူဌေးအား ကြည့်၍
ဖြ်ိုးမင်းပြောလိုက်သည်။"အင်း...မောင်းတော့..."
သူ့စကားအဆုံးကားလေးမှာလမ်းမကြီးအတိုင်း သွားနေချိန်..
"ဟင် ဟိုမိန်းကလေး ဘာရပ်လုပ်နေတာလဲ
လမ်းလယ်ကြီးမှာရူးနေလား မသိဘူး..."ကားရပ်လိုက်ကာ ပြောလာသော
ဖြ်ိုးမင်းအသံကြောင့်
မှတ်တမ်း မှိတ်ထားသော မျက်ဝန်းများ
ပွင့်သွား၍ ကြည့်လိုက်ချိန် မိန်းကလေး
တစ်ယောက်။ခေါင်းလေးငုံ့ထားပြီး ဒုတ်လေးတစ်ချောင်းလဲက်ိုင်ထားကာ ကျောက်ရုပ်လေးပမာရပ်နေသော သူမကြောင့် မှတ်တမ်းမျက်ခုံးများပင့်တက်သွား၍ ကြည့်နေချိန် အဝေးက မောင်းလာသော ကားတစ်စီးကြောင့် သူကားပေါ်က
ချက်ချင်းပြေးဆင်းသွား၍ ရပ်နေသေးသော
သူမအား လက်မလွဲလေးပင် ဆွဲချလိုက်ချိန်
သစ်ရွက်လေးပမာ သူ့လက်ထဲပါလာသော
သူမ။"ဟာ ဘာဖြစ်သွားလဲဗျ...တောင်းပန်ပါတယ်
ကျွန်တော် အရှိန်မထိန်းနိုင်ဘူး ဖြစ်သွားလို့ပါ..."ထိုကားသမားမှာ အခုမှကားရပ်လို့ရသည်ထင်သည် ကားပေါ်က ကပြာကယာဆင်းလာ၍ သူ့အား စိုးရိမ်တကြီးလာပြောချိန်
မှတ်တမ်း မျက်ခုံးများပင့်တက်သွားကာ
သူ့ရင်ခွင်ထဲ သတိမေ့နေသော မိန်းကလေးအား တစ်ချက်ကြည့်၍ သူ့မျက်ခုံးများ
ပို၍ပင့်တက်သွားကာ..."ရတယ် သူ့ကို ဆေးရုံတင်ရမယ်ထင်တယ်
ခင်ဗျား ဒါတွေတာဝန်ယူပေးလိုက်...I"ဟုတ်ကဲ့ စိတ်ချပါဗျ မိန်းကလေးသတိပြန်ရလာရင်လဲ ကျေနပ်တဲ့အထိ ကျွန်တော်တောင်းပန်ပါ့မယ်ဗျ..."
ဝီ...ဝီ....ပီပေါ်...ပီပေါ်..
ထိုအချိန် ဘယ်အချိန်က ခေါ်လိုက်လဲ
မသိသော လူနာတင်ယာဥ်မှာ သူတို့အနား
ထိုးစိုက်လာလာသောကြောင့် မှတ်တမ်း သူ့လက်ထဲက သတိမေ့နေသော မိန်းကလေးအား ယာဥ်ပေါ်ကိုယ်တိုင်တင်ပေးလိုက်ကာ
ပြန်ထွက်သွားသော လူနာတင်ယာဥ်အားကြည့်နေလိုက်သည်။
KAMU SEDANG MEMBACA
ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete)
Romansaမှတ်တမ်းရင့်+ရွှေပုံကမ္ဘာ