အပိုင်း(11)
"မိန်းကလေး ဆေးသောက်ဖို့အချိန်ကြပါပြီ..."
ဗိုက်ထဲ ကလေးရှိတယ်ဆိုထည်းက
အခုအချိန်ထိ မယုံကြည်နိုင်သောပုံ
သူမဗိုက်ရှပ်ရှပ်လေးက်ိုသာ
ကိုင်ကာ ငိုင်ငိုင်လေးဖြစ်နေချိန် အမျိုးသမီး
အသံကြောင့် သတိပြန်ဝင်လာကာ..."အမ...ပုံ..ပုံတစ်ခုလောက်မေးပါရစေနော်..."
"ဟုတ်ကဲ့ မိန်းကလေးမေးပါ...သူဌေးက
အလုပ်ထဲအရေးကြီးကိစ္စပေါ်လာလို့
ပြန်သွားရပါတယ် မကြာခင်ပြန်လာပါလိမ့်မယ်...""မဟုတ်ဘူး အမ ပုံမေးချင်တာ
တကယ်ပဲ ပုံမှာရင်သွေးလေး
ရှိနေတာလားဟင်...""ဟုတ်ပါတယ် မိန်းကလေး....
သူဌေးရဲ့ ရင်သွေးလေးပါ "ထိုအမျိုးသမီးအသံအဆုံး ပုံမဟုတ်ပါစေနဲ့
ဆုတောင်းခဲ့သမျှသည်လဲ အရာရာ မှေးမိန်
ပျောက်ကွယ်သွားခဲ့ချေပြီ။ပုံ ကုတင်ကြီးပေါ်က လက်ကလေးစမ်း၍
ဆင်းမယ်ပြင်ချိန်..."မိန်းကလေး မဆင်းနဲ့လေ ဆေးသွင်းထားတော့ အရမ်းလှုပ်လှုပ်ရှားရှားတွေ မလုပ်ရဘူးလေ..."
"ဟင့်အင်း...ပုံ လေးအေးတာလေးခံချင်လို့ပါ
ပြတင်းပေါက်ကို ပို့ပေးပါနော်.. ""ကောင်းပါပြီ မိန်းကလေး ခဏပဲနေရမယ်နော်..."
ထိုအမျိုးသမီးကြီးအပြောကို ပုံခေါင်းငြိမ့်လိုက်လား ခေါင်းခါလိုက်လား ပုံမသိတော့
ပုံသိတာဒီအချိန်မှာ ပုံအသက်မရှင်ချင်တော့ပေ။"ရောက်ပြီ မိန်းကလေး ထိုင်ခုံယူပေးရမလား..."
"ရတယ်အမ နေနော် ပုံတစ်ယောက်ထဲ
နေချင်လို့ ခဏနေမှပြန်ဝင်ခဲ့ပေးနော်...""ကောင်းပါပြီ မိန်းကလေး..."
ဂျောက်..
ခဏအကြာ တံခါးပိတ်သံနှင့်အတူ ခြေသံများငြိမ်သွားမှာ မျက်နှာပေါ်ရိုက်ခက်လာသော လေနုအေးလေးအားပုံ မျက်ဝန်းလေး
မှိတ်ကာ ငြိမ်သက်နေလိုက်သည်။သူမဘဝမှာ ဘယ်အချိန်မှ စိတ်ချမ်းသာမှု
ပျော်ရွှင်မှုကို မခံစားရတော့ဘူးထင်ပါရဲ့။