အပိုင်း(18)
မှတ်တမ်း စိမ့်ရေနှင့်စကားပြောပြီးချိန်
သူမအခန်းထဲဝင်ရန် တံခါးဖွင့်လိုက်ပင်မဲ့
အထဲကနေ ပိတ်ထားသောကြောင့်
သူ မျက်ခုံးများပင့်တက်သွားကာ..''ပုံ... ဘာလုပ်တာလဲ ဘာလို့တံခါးကို
ပိတ်လိုက်ရတာလဲ ပုံ... ဖွင့်ပေးနော်
မမြင်မစမ်းနဲ့တော်ကြာ ပုံ ထိခိုက်နေအုံးမယ်..."ဒေါက်...ဒေါက်..
သူ အော်နေသော်လဲ အထဲက ဘာအသံမှမကြားရသောကြောင့် မှတ်တမ်း ရင်တွေထူပူ
လာကာ မျက်စိမျက်နှာလဲပျက်နေမိသည်။ဒေါက်...ဒေါက်..
''ပုံ ကလေး တံခါးဖွင့်ပါကွာ ..."
မှတ်တမ်း ဘယ်လောက်ခေါ်ခေါ်အထဲက
ဘာအသံမှမကြားရသောကြောင့် သူ
မျက်နှာကြီးမှာပျက်နေမိသည်။လက်ကနာရီကို ကြည့်တော့လဲ
သူ့ထွက်လာတာ တစ်နာရီပင်ကျော်နေပြီ
ဖြစ်သောကြောင့် သူမ စိတ်ဆိုးသွားပြီဆိုတာ
သိလိုက်သည်။စိမ့်ရေနှင့်စကားပြောနေရင်း စိမ့်ရေ
အသက်ရူမရဖြစ်တာကြောင့် ဆရာဝန်
ခေါ်ကာ သူမအား ပြသပေးပြီး အိမ်အကူ
ကောင်မလေးများနှင့်ထားခဲ့ကာ သူမဆီ
ထွက်လာတာဖြစ်သည်။အခုတော့ တံခါးပိတ်ထားသော
သူမကြောင့် မှတ်တမ်း
ပျက်နေသောမျက်နှာကြီးမှာ
ပြင်မရတော့။''ပါးပါး...ဒီမှာ..."
ထိုအချိန် သားဖြစ်သူ သော်လေးကိုင်ကာ
ပေးလာသောကြောင့် မှတ်တမ်းပြုံးလိုက်ကာ
သားဖြစ်သူကိုပါ ကောက်ပွေ့လိုက်၍ တံခါး
ဖွင့်လိုက်ချ်ိန် ကုတင်လေးအထက်
ဘေးတစ်စောင်းလေးအိပ်နေသော သူမလေး
ကြောင့် မှတ်တမ်းစိုးရိမ်စိတ်များလျော့သွား၍
သက်ပြင်းအသာချကာ သူအနားသွားလိုက်သည်။သားဖြစ်သူအား သူမဘေးချပေးကာ
သူမရဲ့နဖူးလေးအား ဖိကပ်ကာနမ်းရှိုက်၍..''ကလေးရယ် ကိုယ်တောင်းပန်ပါတယ်..."
''ပါးပါး သားသား မေမေနဲ့ အိပ်ချင်တယ်..."
မှတ်တမ်းခေါင်းငြိမ့်ပြ၍..
''အင်း အိပ်ရမှာပေါ့...မေမေဗိုက်ကို
ကန်မိမယ် ပါးပါးဘက်ကိုလား..."