အပိုင်း(13)
Ring...Ring...Ring...Ring...
Ring...Ring...Ring...Ring...စိမ့် ကိုရင့်အကြောင်းစဥ်းစားရင်းပြုံးနေစဥ်
ထွက်ပေါ်လာသော ဖုန်းအသံကြောင့်
ကြည့်လိုက်ချိန် ဒယ်ဒီဆိုသော နာမည်ကြောင့်
သူမပြုံးလိုက်၍....''ဟယ်လို ဒယ်ဒီ ..."
''သမီး ပြန်ရောက်ပြီလား အခုချက်ချင်း
နေပြည်တော်ကို တက်လာခဲ့ သမီးမာမိ ဆေးရုံ
ရောက်နေတယ်..."ကြားလိုက်ရသော စကားကြောင့် စိမ့်
မျက်နှာလေးမှာ ပျက်သွား၍..''ဘယ်လို ဖြစ်တာလဲ ဒယ်ဒီ အရမ်းစိုးရိမ်ရလားဟင်..."
''သမီးသာ အရောက်ပြန်ခဲ့ အခုoperation
အခန်းထဲမှာ..."ဒယ်ဒီအပြောကြောင့် စိမ့် တုန်လာသော
နှုတ်ခမ်းလေးမှာ အရှေ့က ကားမောင်းနေသော လူအားကြည့်၍...''ပြန်ကွေ့လိုက် နေပြည်တော်ကို အမြန်ရောက်ချင်တယ်...''
''ဟုတ်ကဲ့ မမလေး.. "
ထို့နောက် ကားလေးမှာ လမ်းမကြီးမှ
ပြန်ကွေ့၍ လျှင်မြန်စွာ မောင်းထွက်လာတော့သည်။စိမ့် ဖုန်းWallpaperပေါ်က ကိုရင့်ရဲ့
ချောမောသော မျက်နှာအား ကြည့်ကာ..''sorry ကိုရင့် စိမ့်နောက်မှ
ပြန်လာခဲ့မယ် ကိုရင့် စိမ့်ကို
လက်ခံဖို့ ပြင်ဆင်ထားပါ..."ပြောကာ လွန်ခဲ့သော ငါးနှစ်ကျော်လောက်က
အချိန်တွေအား ပြန်တွေးနေမိစဥ်..''ကိုရင့် ဒါဆို မြန်မာပြည် ပြန်တော့မှာပေါ့နော်..."
ငယ်ငယ်ရွယ်ရွယ်နှင့် စင်ကာပူတွင်
ရုံးခွဲများလဲ အုပ်ချုပ်ရင်း ပညာသင်နေသော
မှတ်တမ်းရင့် ခေါ် သူမ တိတ်တခိုးချစ်နေရသော သူ။ရန်ကုန်သို့ အခြေအနေများကြောင့် ပြန်ရတော့မည်ဖြစ်တာကြောင့် စိမ့်မျက်ရည်လေးများ
ဝဲကာ ရှည်လျားသော သူ့အရပ်ကြီးကြောင့်
မော့ကြည့်၍ မေးလိုက်သည်။ကျောင်းတက်ရင်း ကိုရင့်နှင့်သူမ စုံကြရတာဖြစ်ပြီး မိဘများမှာလဲ ခင်တာကြောင့် အမြဲ
အနေတည်သော ကိုရင့် သူမကိုတော့ ကောင်းကောင်းမွန်မွန် ပြောရှာပါသည်။