အပိုင်း(12)
စားပွဲပေါ် ဟင်းများစုံနေကာ
အနံ့ကလဲ စားချင်လောက်အောင်
ကြိုင်နေသောကြောင့် မှတ်တမ်းနှင့်
ကမ္ဘာရင့်လေးမှာ ခေါင်းမဖော်တမ်း
စားနေပင်မဲ့ အချစ်ကမ္ဘာလေးမှာ
နှုတ်ခမ်းလေးဆူကာ အနောက်တွင်
ရပ်နေသော မိခင်ဖြစ်သူကိုသာ
မျက်ဝန်းဝိုင်းလေးဖြင့် ကြည့်နေကာ
တစ်ချက်တစ်ချက်နှုတ်ခမ်းလေး
သပ်နေတော့သည်။ပုံ သမီးဖြစ်သူရဲ့ ပုံစံလေးအားမြင်သော်လဲ
မသိချင်ယောင်ဆောင်ကာ သိမ်းစရာ
များသိမ်ရန်မီးဖိုထဲ ပြန်ဝင်လာလိုက်သည်။မှတ်တမ်း မီးဖိုထဲ ပြန်ဝင်သွားသော
အမျိုးသမီးအား မျက်ဝန်းတောင့်မှ
မြင်နေရပြီး ရင်ထဲတွင် တစ်မျိုးတမည်ဖြစ်နေတော့သည်။သူမ သူ့အနားလာရင် စိတ်တွေက
လေးလံနေမိတာလဲ။ထိုအချိန် ဘာမှမစားဘဲထိုင်နေသော
အချစ်လေးကြောင့် မှတ်တမ်း
မျက်ခုံးများပင့်တက်ကာ...''သမီး စားလေ ပါးပါးခွန့်ကျွေးမရမလား..."
ထိုအခါ ညှပ်ထားသော အုံးမက်ခွက်ကေလေး
ရမ်းသွားအောင် မျက်နှာလေးလွဲပစ်၍.''အချစ်က နို ချာ တာယေ မန်မန်မှမချားချင်တာရို့..."
''ဒါဆို ပါးပါးနို့ဖျော့ပေးမယ်လေ...''
''ဟင်အင့်း အဟင့်...ဟင့်..ဟင့်..နို့ချာရယ်..."
ပြောကာ ရုပ်တရပ်ထငိုလိုက်သောကြောင့်
မှတ်တမ်းထမင်းစားချင်းကို ရပ်လိုက်ကာ
ဘေးက သမီးအားပွေ့ချီလိုက်၍..''မငိုနဲ့နော် ပါးပါးဖျော်တိုက်မှာပေါ့..."
''တောက်ပါဘူးချ်ိုမှ ဘိုဖစ်နေယာရဲ
အဟင့်...ဟင့်..."ထိုအချိန် မီးဖိုထဲမှ ထွက်လာသော
မိခင်ကြောင့် အငိုတိတ်သွားကာ
သနားစဖွယ် မျက်ဝန်းလေးများ
ဖြင့် ကြည့်နေလိုက်သည်။သမီးရဲ့ ပုံစံလေးအား ပုံ မသိချင်ယောင်
ဆောင်နေရသော်လဲ ရင်ထဲတွင်တော့
မကောင်းတော့။နို့ဆာနေသောကြောင့် သူမကိုခဏခဏ
ကြည့်နေတာမနက်ထည်းက ဖြစ်သည်။