အပိုင်း(16)

7.5K 184 1
                                    

အပိုင်း(16)

ဝူး...ဝေါ....

ခြံဝန်းကြီးထဲ ကားရပ်လိုက်ချိန်
ဧည့်ခန်းကြီးထဲ ထိုင်နေသော
ပုံ မျက်နှာလေးမှာ ဝင်းပသွား၍
သူ့အားမြင်ရတော့မည်ဆိုသောကြောင့်
ရင်တွေတစ်လှပ်လှပ်တုန်လာသလို
လက်ဖျားခြေဖျားလေးများကလဲ
အေးစက်လာတော့သည်။

သူမသာ မျက်ဝန်းများပြန်​မြင်တာ
သူသိရင် ဘယ်လိုဖြစ်သွားမလဲဆိုသည်အား
တွေး၍ ပုံ မတ်တပ်လေးရပ်၍ အိမ်ရှေ့သို့
ထွက်ရန်ပြင်လိုက်ချိန်...

''လာ စမ့်ရေ ကိုယ်မင်းကို
မိတ်ဆက်ပေးမယ်..."

''ဟင် ဘယ်သူနဲ့လဲ ကိုကို..."

ထိုအချိန် သူအသံနှင့်အတူ ခပ်ချွဲချွဲ မိန်းကလေးအသံတစ်သံကြောင့် ပုံ
ခြေလှမ်းလေးများ ရပ်တန့်သွားကာ
ရပ်နေမိသည်။

ထိုနောက် ဧည့်ခန်းထဲ ဝင်လာသော
အရိပ်နှစ်ခု။လှပသော မိန်းကလေး
တစ်ဦးမှာ သူ့ရဲ့လက်မောင်းအား ကိုင်ထားပြီး
သူကလဲ ပြုံး​ရွှင်နေ၍ ပုံရှိသော နေရာသို့
လျှောက်လာတော့သည်။

ထိုပုံရိပ်များကြောင့် ပုံ ကြောင်အအလေး
ဖြစ်သွားကာ ရင်ထဲတွင်လဲ တစ်ခါမှ
မခံစားဖူးသော ဝမ်းနည်းမှုတို့က ကြီးဆိုးလာ၍
ခြေထောက်လေးများပင် မခိုင်တော့ပေ။

''ပုံ...ဘာလို့ တစ်ယောက်ထဲ ထိုင်နေတာလဲကွာ
လဲတော့မယ်..."

လဲကျတော့မည့် ပုံ ကိုယ်လေးအားအသာ
ထိန်းလိုက်၍ ပြောလာသော သူ့အသံကြောင့်
ပုံ ပျက်နေသော မျက်နှာလေးအားထိန်းကာ
ဧည့်ခန်းအပြင်ဘက်ကိုသာကြည့်၍..

''အင်း ပုံ မမြင်ပဲ ထလိုက်မိလို့.. "

''ကျစ် ပုံရာ သေချာနေမှပေါ့ ကလေး
ထိခိုက်ရင် ဘယ်လိုလုပ်မလဲ....''

သူ့နောက်ဆက်တွဲစကားကြောင့်
ပုံရင်ထဲ မျက်သွားကာ ဝဲတက်လာသော
မျက်ရည်များအား မျက်တောင်ကော့ကော့လေးများဖြင့် ပုတ်ထုပ်လိုက်၍..

''စိတ်ချပါ ကလေးဘာမှမဖြစ်ရပါဘူး.. "

တစ်မျိုးတစ်မည် ထင်သွားသော သူမကြောင့်
မှတ်တမ်း မျက်ခုံးများ ပင့်တက်သွားကာ.

ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete) Место, где живут истории. Откройте их для себя