အပိုင်း(5)

10.2K 240 0
                                    

အပိုင်း(5)

"ဟင့်...အဟင့်...ဟင့်..."

ပခုံကနေပြဲနေသော အင်္ကျီလေးအား
မမြင်မစမ်းနှင့်ဆွဲချနေကာ ကပိုကရိုဆံနွယ်ရှည်ကြီးများဖြင့် မျက်နှာလေးပေါ်တွင်
ငိုထားမှုကြောင့် အစ်အစ်လေးဖြစ်နေ၍
ပေါက်ခနဲစီးကျလာသော မျက်ရည်စက်များ။

ဘေးက သူကတော့ လိုချင်တာရသွားသောကြောင့် အသက်ရူသံမှန်မှန်
ဖြင့် အိပ်ပျော်နေပုံရသောကြောင့် ပုံ
ကားထဲကနေထွက်နိုင်အောင် လက်ကလေးဖြင့် လိုက်စမ်းနေချိန် အင်္ကျီလိူ့ထင်ရသော
အဝတ်ကြောင့် ပုံလက်ကလေးထိုး၍ အပေါ်ကထပ်ဝတ်လိုက်သည်။

ကားတံခါးအား စမ်းလိုက်ချိန် ဖွင့်လို့ရသော လက်တံလေးအားစမ်းမိသောကြောင့်
ဆွဲလိုက်ကာ....

ဂျောက်...

ပွင့်သွားသောအသံကြောင့် ပုံကားထဲကနေ
ခက်ခက်ခဲခဲဆင်းလာ၍ မြေပြင်အရောက်
ခွေကျသွားသော ပုံကိုယ်လေးမှာ သစ်ရွက်လေးတစ်ရွက်လို ။

သူမဘဝ ဘယ်သူမှန်းမသိသော လူရဲ့လက်ထဲ
ဒုတိယအကြိမ်ပျက်ခဲ့ပါပြီ ပထမအကြိမ်တွင်
သူမဘဝရဲ့ တန်ဖိုးရှိသမျှအရာအားလုံး
ဆူံးရှုံးခဲ့ရပြီ ။

ပုံ သေမှဒါတွေက ငြိမ်မှာလား။ဘာကြောင့်
ပုံတစ်ယောက်ထဲ အခုအချိန်ထိ ကံတရားက
မျက်နှာသာမပေးရသေးတာလဲ။

"ဟီး...အဟင့်...ဟင့်...ဟီး...''

လမ်းမပေါ်ခွေခွေလေးလဲကျကာ ဝမ်းနည်း
ရင်နာလွန်းသောကြောင့် ရင်ဘက်လေးအား
ထုကာရှိုက်ငုံနေသော သူမပုံစံလေးက သနားစဖွယ်။

ဘယ်သူမှန်းမသိသော ယောကျာ်းတစ်ယောက်ရဲ့ ဖြတ်စီးချင်းခံရတာတောင်
ဘာမှပြန်မလုပ်နိုင်သော သူမကိုယ်သူမ
ဒေါသထွက်လို့မဆုံး။

ခါးအောက်ကျော်သော ဆံနွယ်လေးများမှာ
ဖရိုဖရဲဖြစ်နေကာ မျက်နှာလေးပေါ်တွင်လဲ
ငိုထားသော မျက်ရည်များက ရွဲနေ၍

ပုံ သူ့အားမမြင်ရသော်လဲ ရင်ထဲတွင်
တူးခါးနေအောင်မုန်းမိသည်။မျက်မမြင်
မိန်းကလေးတစ်ယောက်ကို ဖျက်စီးတဲ့
ယောကျာ်း အရမ်းမုန်းပါသည်။

ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete) Donde viven las historias. Descúbrelo ahora