အပိုင်း(24) ဇာတ်သိမ်းပိုင်း
ခြံကြီးထဲ ကားရပ်လိုက်သည်နှင့်မှတ်တမ်း
သူမအားစိုးရိမ်ကာအိမ်ကြီးထဲပြေးဝင်
လာခဲ့သည်။ထိုအချိန် မျက်နှာမကောင်းကြသော
ကောင်မလေးတွေမှာသူ့အားကြည့်၍..''သူဌေး သူဌေးကတော်အရမ်းငိူနေတယ်..."
ထိုကောင်မလေးတွေစကားအဆုံး
မှတ်တမ်း အပေါ်ထပ်ပြေးတက်လာခဲ့သည်။ထို့နောက်အခန်းတံခါးဖွင့်လိုက်ချိန်
မြင်လိုက်ရသော မြင်ကွင်းလေးကြောင့်
ရင်ထဲနင့်သွားသလို သူမအကုန်သိနေပြီဆ်ိုတာလဲ သိလိုက်သည်။မွေ့ယာလေးအထက်တစ်ဖက်ကိုလှည့်ကာ
ပခုံးလေးများတုန်နေအောင် ငိူနေသော
သူမအနား လျှောက်သွားလိုက်သည်။သူမကို သူဘယ်လိုနှစ်သိမ့်ပေးရမလဲမစဥ်းစားတက်ပေ။အတူနေလာခဲ့တဲ့နှစ်အတွင်းမှာ
ဘုန်းမြတ်ပေါ် သူမလေးဘယ်လောက်
သံယောဇဥ်တွယ်ခဲ့မလဲဆ်ိုတာ သူရိပ်မိသည်။''ကလေး..."
သူခေါ်လိုက်ချိန် သူ့အားမျက်ရည်များဖြင့်
ကြည့်လာသော ကလေး။''အဟင့်...ကိုကြီး..ကိုကြီးလေ...
ဟီး...အဟင့်...ဟင့်...ဟီး..."ပြောလဲပြော မှတ်တမ်း သူ့ရင်ခွင်ထဲ
ဝင်တိုးကာ ငိုချလာသော သူမကိုယ်လေးအား
သူဖက်တွယ်ထားလိုက်ကာ..''ဝအောင် ငိုလိုက်ပါကလေးရယ်....
ငိုလိုက်ပါ...''''အဟင့်...ဟင့်...ဟီး.. ဟီး..."
အားကိုးရသလို သူ့ရင်ခွင်ထဲဝမ်းနည်း
တကြီးငိုချလာသော ဇနီးလေးအား
မှတ်တမ်း ခပ်တင်းတင်းလေးဖက်ထားကာ
နှစ်သမ့်ပေးနေရင်း သူမဆံနွယ်လေးများအားလဲ နမ်းရှိုက်နေမိသည်။သူတို့ဘဝထဲက ထွက်သွားကြတာ
ဒီနှစ်မှာ ချစ်ရသော လူတွေကြီးပါပဲလား။ထို့နောက် အခန်းကြီးထဲ င်ိုသူကငိုနေကာ
ချော့မြူနှစ်သိမ့်သောသူကတော့ဘေးကနေ
မျက်ရည်များအား သုတ်ပေးနေတော့သည်။''အခု ကလေးလုပ်ပေးရမှာက
သူတို့အတွက်ရစေမဲ့ ကောင်းမှု
ကုသ်ိုလ်တွေပဲ ဒါ့ကြောင့် ကိုယ်တို့
အားလုံးအတွက်ရည်စူးပြီး
အလှူအတန်းတွေလုပ်ပေးကြတာပေါ့..."
![](https://img.wattpad.com/cover/332978323-288-k772893.jpg)