ဆိုးခွင့်...ဒုတိယတွဲ
အပိုင်း(1)
မွေးကင်းစအရွယ်နှင့်ပင် 8ပေါင်းကျော်၍
ပါးကြီးများတွဲကျနေ၍ ချစ်စဖွယ်ကောင်းနေသော သမီးဖြစ်သူအား ချီထားကာ သားဖြစ်သူ
လက်အားကိုင်ကာ မျက်နှာတွင် ဝမ်းနည်းမှုတို့အား ဖုံးကွယ်ထားသော မှတ်တမ်း။''အဲ...အဲ..."
ကလေးမှာ ဆာလောင်မှုကြောင့် နှုတ်ခမ်းလေး
ဟ၍ တစ်ချက်သာအော်ကာ ပြန်အိပ်ပျော်သွားပုံလေးက သနားစဖွယ်ပင်။''ပါးပါး မေမေရောဟင် ပါးပါးပြောတော့
မေမေက ဆေးရုံမှာရှိတယ်ဆ်ို..''ငိုမဲ့မဲ့ဖြင့်မေးလာသော သားဖြစ်သူအား
မှတ်တမ်းဖြေဖို့ အားအင်မရှိစွာ အံ့အားတင်း
နေအောင်ကြိတ်ထားပုံက ဘယ်လောက်
ခံစားမှုအား တင်းထားလဲဆိုတာ သိသာလှသည်။ထိုအချိန် အားလုံးမှာလဲ ဆေးရုံကြီးရဲ့
လူမရှိသော ကုတင်ကြီးကိုသာ
စိုးရိမ်စွာကြည့်နေကြသည်။''အဒေါ်ကြောင့်ပါကွယ် အဒေါ်သာ
ကြည့်ထားရင် ပုံလေး အခုလို
ထွက်သွားတာ အဒေါ်တားနိုင်မှာ...
အဟင့်...ဟင့်..."ပြောကာ တရှုံ့ရှုံ့ငိုနေသော ဒေါ်ဆန်းမော်
အရူးမကြီးပမာ စိုးရိမ်မှုတို့က ထင်ပေါ်နေတော့သည်။အားလုံးမှာလဲ ဘာမှမသိရှာသေးသော
နီတာရဲ ကလေးလေးကိုသာ ဂရုဏာ
သပ်နေမိကြတော့သည်။ဝဲတက်လာသော မျက်ရည်များနှင့်အတူ
သူမ မရှိတော့သော ကုတင်ကြီးအနား
မှတ်တမ်းတဖြည်းဖြည်းလျှေက်သွားကာ
သားဖြစ်သူနှင့် လက်ထဲက အိပ်မျက်ဝန်းများ
မှိတ်နေသော သမီးဖြစ်သူအား တစ်ချက်ကြည့်ကာ...အခန်းဝတွင် ရပ်နေသော ဆရာဝန်များအား ခပ်စူးစူးလှည့်ကြည့်၍..''ခင်ဗျားတို့ လူနာတစ်ယောက်လုံး ထွက်သွားတာ မသိရအောင် ဘာတွေလုပ်နေကြလဲ..."
ထိုအချိန် ဆေးရုံ အုပ်ကြီးထင်ရသော
ဆရာဝန်ကြီးမှာ တောင်းပန်သော အကြည့်ဖြင့်
ကြည့်ကာ...''တောင်းပန်ပါတယ် သူဌေး သူဌေးကတော်
ထွက်သွားတာကို မသိလိုက်တာ ကျွန်တော်
တို့ပေါ့ရော့မှုပါ ဒါ့အတွက်လဲ တကယ်ပဲ
တောင်းပန်ပါတယ်... ''
![](https://img.wattpad.com/cover/332978323-288-k772893.jpg)