အပိုင်း(13)
''အို...တန်ဖိုးကြီးမှာပဲ..."
စိမ့်ရေ ပုံဆိုသော မိန်းမရဲ့ အဝတ်အခန်းထဲ
ဝင်လိုက်၍ မှန်ဘောင်တွေထဲ ထည့်ထားသော
လက်ဝတ်ရတနာများအား လိုချင်တပ်မက်စွာ
ကြည့်နေမိသည်။သူမလဲ တန်ဖိုးကြီးတာတွေ ဝတ်ဖူးပင်မဲ့
အခုလို အရေအသွေးကောင်းပြီး
အဖိုးတန်ကြီးတွေတော့မဟုတ်။''ဟွန့် ဒီမျက်မမြင်မှ ဘာတွေလုပ်ထားပြီး
ကံကောင်းသွားရတာလဲ အခုရော
အသက်မရှိတော့ရင်ကောင်းမှာပဲ..."ပြောကာ မှန်ဘောင်ထဲမှာ လက်ဝတ်ရတာနာ
များအား လိုချင်တပ်မက်မှုများဖြင့်
ကြည့်နေကာ မှန်များကာထားသော
ဗီဒိုကြီးထဲ တန်ဖိုးကြီး အိတ်များမှာ
အစီအရင်ထားတာအား ကြည့်၍
သူမစိတ်ထဲ ဟိုမျက်မမြင်မအား ဘယ်လို
မှမကျေနပ်နိုင်။ထို့နောက် အဝတ်တွေထားသော ဗီဒိုကြီးအား
ဖွင့်လိုက်ပင်မဲ့ သော့ပိတ်ထားသောကြောင့်
စိမ့်ရေ နှုတ်ခမ်းများ ဖိကိုက်ထားကာ..''ကျစ် ဘာလို အကုန်ပိတ်ထားရတာလဲ
တောက်..."''အိမ်တော်ထိန်းကြီး ပြန်လာတာ
စောလိုက်လား..."ထိုအချိန် အခန်းအပြင်ဘက်မှ
အိမ်တော်ထိန်းကြီးဆိုသော
အသံကြောင့် စိိမ့်ရေ ပြာသွားကာ
မျက်နှာပေါ်တွင်လဲ စိုးရိမ်မှုများ
ဖြတ်သန်းသွားတော့သည်။ထိုအချိန် သူမဝင်နေသော အခန်းတံခါး
အားဖွင့်နေသောကြောင့် စိမ့်ရေ မျက်ဝန်းလေး
များက ဘေးတွင် ချထားသော သေတ္တာ
ကြီးထဲ ဘာမှမစဥ်းစားတော့ဘဲ ဝင်လိုက်တော့သည်။''ဒီဗီဒိုကြီးပဲ တစ်ဖက်က မှန်ကွဲသွားလို့
ပစ်လိုက်တော့..."''ဟူတ်ကဲ့ အိမ်တော်ထိန်းကြီး..."
ကောင်လေးလေးယောက် ထိုဗီဒိုကြီးအား
အပြင်သို့ သယ်သွားကြချိန် အိမ်တော်ထိန်း
ကြီးမှာ ပါကေးပြားအပေါ် ထင်နေသော
ခြေရာများကြောင့် မျက်ခုံးများပင့်တက်
သွား၍ ခေါင်းရမ်းလိုက်ကာ...''ဒီမိန်းကလေး အတော်ဆိူးတာပဲ
မောင်မှတ်တမ်း ပြောထားလို့ပေါ့မဟုတ်
ရင်မလွယ်ဘူး.. "