အပိုင်း(6)
''ဟဲ့ ဒီပုံကို အခုဖြုတ်လိုက်...''
''ရှင် ဒါ..ဒါ သူဌေးက..."
''ငါ ဖြုတ်ဆို ဖြုတ်ပေါ့...ဘာတွေ
ကြောင်ကြည့်နေတာလဲ..."အလုပ်သမားမိန်းကလေးမှာ
ဧည့်ခန်းမှ သူဌေးနှင့် သူဌေးကတော်ပုံ
အား ကြည့်၍ မဖြုတ်ရဲစွာ ရပ်နေမိသည်။သူဌေးက ဒီပုံတွေကို ထိတာကြိုက်တာ
မဟုတ်။စိမ့်ရေ လက်တုန်ခြေတုန်ဖြစ်နေသော
ထိုမိန်းကလေးအား ဒေါသတကြီး
ကြည့်၍..''ငါ ဖြုတ်လို့ပြောနေတယ်လေ ငါ့ဧည့်သည်တွေ
ပြန်မှ ပြန်တက်လိုက်...''''ဟုတ်...ဟုတ်..မမစိမ့်ရေ..."
ထိုကောင်မလေးမှာ ကြောက်ရွံ့စွာ
ဖြုတ်သွားတာအား စိမ့်ရေ ကျေနပ်
စွာကြည့်၍ လက်ကလေးထဲတွင်
ဆုပ်ထားသော သော့တွဲလေးအား
ကြည့်ကာ ကျေနပ်စွာပြုံးလိုက်မိသည်။ဒီသော့တွေကို အိမ်တော်ထိန်းကြီး
အပြင်မသွားမှီ မသိအောင် ယူထား
လိုက်ချင်းဖြစ်သည်။''ဖြုတ်... ဖြုတ်ပြီးပါပြီ မမစိမ့်ရေ.."
စိမ့်ရေ ထိုမိန်းကလေးအားကြည့်၍
ပြုံးလိုက်ကာ..''အဟွန်းတော်တယ် နင့်အတွက်
ရော့..."ထိုအချိန် ထုတ်ပေးလာသော ပိုက်ဆံ
အထပ်ကြောင့် ထိုကောင်မလေးမျက်ဝန်း
များမှာဝင်းလက်သွားသောကြောင့်
စိမ့်ရေ ခပ်မဲ့မဲ့ပြုံးလိုက်ကာ..''ဒီထက်ပိုလိုချင်သေးလား..''
''ရှင်..."
ထိုမိန်းကလေးမှာ တအံ့တသြ ကြည့်၍
ချက်ချင်းပင် ခေါင်းလေးငြိမ့်ပြကာ..''မမစိမ့်ရေ ခိုင်းချင်တာခိုင်းပါ
ကျွန်မ အကုန်လုပ်ပေးပါ့မယ်...''စိမ့်ရေ လိုချင်သော အကွက်အား
ဝင်လာသော ထိုမိန်းကလေးအား
ပြုံးကာကြည့်၍..''မကြာခင် ငါ့သူငယ်ချင်းတွေ
လာလည်လိမ့်မယ် အဲ့ဒီအခါ ငါ
သူတို့ကို အပေါ်ခေါ်သွားမှာ နင်တစ်ယောက်
ထဲ အစားအသောက်တွေ ယူလာခဲ့ပေးရမယ်
ပြီးရင် ငါ့ကို သူဌေးကတော်လို့ခေါ်ရမယ်
နောက်ပြီး ကိုကိုက ငါ့အပေါ် ဘယ်လို
ဂရုစိုက်တယ်ဆိုတာ နင်ပြောပေးရမယ်
ငါပြောတာ သဘောပေါက်လား..."
ВЫ ЧИТАЕТЕ
ဆိုးခွင့်....(ပထမတွဲ+ဒုတိယတွဲ)Un-Zawgyi(Complete)
Любовные романыမှတ်တမ်းရင့်+ရွှေပုံကမ္ဘာ