Unicode
ဘုံဖျားသည် ကြွေသားအလုပ်လုပ်သည့်နေရာသို့ ဒုတိယအကြိမ် ရောက်ခဲ့ပြန်သည်။ ကလပ်သို့ရောက်သည်နှင့် ကောင်တာရှိကောင်လေးကို ကြွေသားအကြောင်း မေးလိုက်သည်။ ထိုကောင်လေးက ကြွေသားက တာဝန်ချိန်နားသဖြင့် နောက်ဖေးရှိ နားနေခန်းတွင် အိပ်နေမည်ထင်ကြောင်း ပြောပြလာသည်။ ကြည့်ရသည့်မှာ ဆိုင်ပိုင်ရှင်က အချိန်ပြည့်အလုပ်ဝင်သည့် ကောင်လေးများကို ကလပ်တွင် နေထိုင်ခွင့်လည်း ပေးထားပုံပေါ်လေသည်။ ထိုကောင်လေးကပင် စားပွဲထိုးနေသည့် ကောင်လေးတစ်ယောက်ကို လှမ်းခေါ်ကာ ဘုံဖျားကိုညွှန်ပြ၍ ခိုင်းလိုက်၏။
" ကြွေသားဆီပို့ပေးလိုက် နေရောင်၊ ဒီအစ်ကိုက ကြွေသားနဲ့တွေ့ချင်လို့တဲ့ "
" ဪ ဟုတ်ကဲ့၊ အစ်ကို ကျွန်တော့်နောက် လိုက်ခဲ့ပါ "
ထိုကောင်လေးက ရှေ့မှထွက်သွားသည်။ သူ့ကိုကြည့်နေကြသည့် ကောင်လေးတစ်ချို့၏ အကြည့်တို့က နားမလည်နိုင်စရာဖြစ် နေသည်။ ပြုံးစိစိဖြင့် အခြေအနေတစ်ခုကို ကြိုတင်သိရှိနေသည့်အလား။ ကောင်လေးက အခန်းတစ်ခုရှေ့သို့ရောက်သောအခါ တံခါးကိုခေါက်လိုက်၏။
" ဒေါက် ဒေါက် ဒေါက် "
" လာပြီ "
အထဲက ကြွေသားက ပြန်အသံပြုပြီး တံခါးဖွင့်သံကိုပါ တစ်ဆက်တည်းကြားရ၏။
" ကလစ် "
" ကြွေသား "
သူ့ကိုမြင်လျှင် ကြွေသားက မျက်ခုံးတို့ကို တွန့်ချိုးကာ စိုက်ကြည့်၏။ သူလာရောက်သည်ကို အံ့ဩနေဟန်အထင်းသားဖြင့်
" အစ်ကို ထပ်လာတယ် ? "
" ပြောစရာရှိလို့ပါ၊ ကိုယ့်ကို အချိန်ခဏပေးနိုင်မလား "
ကြွေသားက တံခါးကိုခပ်ဟဟဖွင့်ကာ အပြင်သို့ထွက်လာသည်။ အခန်းထဲသို့ကြည့်ဖြစ်အောင်လှမ်းကြည့်မိသည့် ဘုံဖျားသည် ကုတင်ပေါ်တွင် အင်္ကျီမပါဘဲ အိပ်နေသည့် ယောက်ျားလေးတစ်ယောက်ကို မြင်လိုက်ရခြင်းဖြစ်သည်။
" ဟင် ! "
ရုတ်တရက်အံသားသင့်သွားသောအခါ ကြွေသားက သူ့ကိုမော့ကြည့်၏။ ဘုံဖျားလည်း အလျင်အမြန်ပင် မျက်နှာလွှဲကာ ရှေ့မှပြန်ထွက်လာခဲ့သည်။ ကြွေသားက တီရှပ်လက်ပြတ်လေးဖြင့်ဖြစ်ကာ ဖြူဖွေးသောလက်မောင်းလေးများကို မြင်နေရသည်။ အခန်းထဲမှကောင်လေးသည် ကြွေသားနှင့် မည်သို့ပတ်သက်သည်ကို ဘုံဖျားတွေးနေမိ၏။ ကြွေသားပုံစံက ဆံပင်ဘုတ်သိုက်နှင့် အိပ်ရာမှထလာပုံပင်။ ဟိုကောင်လေးနှင့်ကြွေသားသည် မည်သို့ပတ်သက်ပါသနည်း။ သူလည်း ခေတ်လူငယ်တစ်ယောက်မို့ နားလည်သလိုလိုရှိသော်လည်း အဖြေကိုမသိချင်ပါ။ ထို့ကြောင့် အတွေးလွန်နေသောသူက ဆိုင်အပြင်ထိထွက်ခဲ့ကာ ကားရပ်ထားရာသို့ လျှောက်ထွက်ခဲ့၏။ ကြွေသားက သူ့နောက်သို့ လိုက်လျှောက်လာရင်း
YOU ARE READING
REVENGE EYES ( U & Z)
Actionသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -