Unicode
ပကတိပြင်ညီ ညနေပိုင်းတွင် ဆေးရုံမှဆင်းကာ သမာဓိရင်ခွင်နှင့်အတူ အိမ်သို့ပြန်ရောက်လာခဲ့သည်။ သမာဓိကမူ လွန်းနေနှင့် ပြန်ထွက်သွားရန် ပြင်ဆင်ရ၏။ အလုပ်ကိစ္စများ စတင်လုပ်ဆောင်နေပြီဖြစ်သဖြင့် အချို့သော ပွဲများကိုလည်း တက်ရောက်ရသည်များရှိလာသည်။
ပကတိကိုခေါ်သွားချင်သော်လည်း ခေါင်းကိုက်တတ်သဖြင့် ပကတိကို အနားယူရန်သာ ထားခဲ့ရသည်။ သမာဓိက ကလေးငယ်ကို ထားခဲ့ရသူကဲ့သို့ နောက်ဆံတင်းနေမိသည်။
" ကျွန်တော် ခဏပြန်သွားရမယ် ပကတိ၊ အနားယူရင်း နေခဲ့နော် "
" အင်းပါ စိတ်ချ "
ပကတိကခေါင်းလေးငြိမ့်၍ ကတိပေးသည်။
" ကျွန်တော်စိတ်ပူလို့ပါ "
" စိတ်မပူပါနဲ့၊ ပြီးတော့ ငါ အဝတ်အစားတွေ နေရာချထားရဦးမယ်လေ၊ ပြီးရင် ငါ နားနေမှာပေါ့ "
" အာ.. ဟုတ်သား လွန်းနေကို ခိုင်းထားတာကို၊ ပြီးခဲ့တဲ့ရက်ပိုင်းက လုံးဝအချိန်မရလို့ "
သမာဓိက ပြောလျှင် ပကတိသည် လွန်းနေအပြစ်ဖြစ်မည်စိုး၍ ခေါင်းခါလိုက်၏။
" မဟုတ်တာ သူက မင်းအလုပ်တွေနဲ့တင် ချာချာလည်နေတာ ကြေးစည်ဖြစ်နေပြီကို၊ ဒါလောက်ကို ကိုယ့်ဘာသာပဲ လုပ်ရမှာပေါ့ "
" တောင်းပန်ပါတယ်၊ ကျွန်တော် လုပ်ပေးသင့်တာကို အစ်ကို့ကို အလုပ်ရှုပ်စေမိပြီ "
" မဟုတ်တာ... အားမနာပါနဲ့၊ ပြီးတော့ ဒါ ငါ့အဝတ်တွေပဲလေ၊ ငါပဲ လုပ်သင့်တာပေါ့၊ မင်းက သခင်လေးမို့ အရေးမကြီးပေမယ့် ငါက ငါ့အတွက် တခြားသူတွေကို ခိုင်းရတာ အသားမကျသေးဘူးလေ "
သမာဓိက ရယ်နေ၏။ ပကတိအနေဖြင့် သမာဓိအိမ်တွင် အသားမကျသေးသည်မှာ သဘာဝကျသည်ဟု တွေးမိ၏။
" အဟင်း... ဟုတ်ပါတယ်၊ နောက်ဆို နေတတ်သွားမှာပါ၊ ကျွန်တော်သွားတော့မယ်နော်၊ စောစောပြန်လာခဲ့မယ် "
သမာဓိက ပြန်ထွက်သွား၏။ ပကတိလည်း သမာဓိထွက်သွားပြီးနောက် ရောက်ကတည်းက သေချာ နေရာမချရသေးသည့် အဝတ်အစားများကို သူ့ဘီရိုတွင် နေရာချရသည်။
YOU ARE READING
REVENGE EYES ( U & Z)
Actionသမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား သမာဓိရင်ခွင် ပကတိပြင်ညီ ဝတိံဘုံဖျား ကြွေသား Start - 13.2.23 End -