9

242 9 0
                                    

Unicode

မနက်ခင်းက ဆန်းသစ်သည့် အလှတရားတို့ဖြင့်သာ ။ ပကတိပြင်ညီသည် ခြံဝင်းထဲတွင်သာ လမ်းလျှောက်၍ သွေးပူစေသည်။ ထို့နောက် ‌ပေါ့ပါးသည့်လေ့ကျင့်ခန်းတို့ကိုသာ ပြုလုပ်၍ ကိုယ်လက်လှုပ်ရှားစေလိုက်၏။ နဂို ပိန်ပါးပါးခန္ဓာကိုယ်က မော်ဒယ်လ်မင်းသားများကဲ့သို့ ဖြူသွယ်သွယ်ဟန်ကို ဖြစ်စေသည်။ ကြွက်သားအနည်းငယ်သာရှိသော ကိုယ်ခန္ဓာက ယောက်ျားတစ်ယောက်အတွက် လုံလောက်သောတောင့်တင်းကြံ့ခိုင်မှု မရှိသည့်ဟန်။

သို့သော် ထိုခန္ဓာကိုယ်သည် ပကတိ၏ သွယ်လျလျမျက်နှာနှင့်မူ လိုက်ဖက်သည်သာ။ သွယ်လျလျမျက်နှာပေါ်တွင် ထင်ရှားနေသည့် အစိပ်အပိုင်းက ကြည်လဲ့လဲ့မျက်လုံးများသာဖြစ်သည်။ နီမြန်းသည့်နှုတ်ခမ်းတစ်စုံက ချောမောခြင်းကို ပေါ်လွင်စေရန် ပံ့ပိုးနေပြီး တောက်ပသည့်မျက်ဝန်းများကို ထင်ရှားစေသည်။ ဖြူသည့်အပြင် ဝင်းဝါစိုပြေသည့်အသားအရေက မနက်ခင်း၏ အရုဏ်ဦးရောင်ခြည်အောက်တွင် ဝင်းတောက်နေတော့၏။

မြင့်မားသည့်ကိုယ်ဟန်ပါးပါး သည် အရမ်းကြီးမပိန်သည်မို့ ကြည့်ရဆိုးသည့်ထဲတော့မပါ။ ကြည့်ကောင်းသည်ဆိုရုံ ပိန်သွယ်ခြင်းဖြစ်သည်။ ထိုသို့ ချောမောကာ ချစ်စရာကောင်းသည့် ထိုလူသားကိုမှ အိမ်ကြီးထဲမှ မျက်လုံးတစ်စုံက မုန်းတီးစွာ စူးစူးစိုက်စိုက်ကြည့်နေ၏။

ထိုလူက ပကတိပြင်ညီလှုပ်ရှားသမျှကို လိုက်ကြည့်နေကာ ထိုအကြည့်များက မလိုလားဟန်အပြည့်ဖြင့်။ ပကတိကမူ ထိုအကြည့်တို့ကို မသိရှာပေ။ သူ့ကျန်းမာရေးအတွက် လိုအပ်သည့် လေ့ကျင့်ခန်းတို့ကိုသာ ပုံမှန်အတိုင်းလုပ်ဆောင်လျက်ရှိသည်။

" ဖေဖေ ဘာကြည့်နေတာလဲ "

အသံနှင့်အတူ ရောက်လာသည်က လှသွေးခြယ်ဖြစ်သည်။ သူမက မနက်ခင်းစောစောမှာပင် ပြင်ဆင်ခြယ်သပြီးဖြစ်ကာ လှပသည့်မျက်နှာလေးက ရောင်စုံအလှတရားတို့ဖြင့်ဖြစ်၏။ ဦးနောင်လွင်က လှသွေးခြယ်ကို တစ်ချက်လှည့်ကြည့်၏။ ထို့နောက် ပကတိထံသို့အကြည့်ပြန်ပို့ကာ ဖြေသည်။

" ဟိုကောင်ကို ဘယ်လိုနှင်ရမလဲ ကြံနေတာ၊ ဒီအတိုင်းဆို ဒီအိမ်ကြီးက ဒီကောင့်အတွက်ပဲ ဖြစ်လာမှာလေ၊ သူ ဒီအိမ်ပေါ်ကနေ ဆင်းသွားမှ ဒီအိမ်ကြီးက ငါတို့အတွက် ဖြစ်လာမှာ "

REVENGE EYES ( U & Z)Where stories live. Discover now